တနင်္သာရီတိုင်းတွင် အနိမ့်ဆုံးလုပ်ခ ကော့သောင်းခရိုင် အလုပ်သမားများ အမြင့်ဆုံး အဆိုပြု

0
443

အနိမ့်ဆုံးလုပ်ခ သတ်မှတ်နိုင်ရန် အဆိုပြုချက်များ တောင်းခံရာတွင် တနင်္သာရီတိုင်းတွင် ကော့သောင်းခရိုင် အလုပ်သမားများဘက်မှ အမြင့်ဆုံး အဆိုပြုခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းထံမှ သိရသည်။
မြန်မာနိုင်ငံရှိ အလုပ်သမားများ အတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရန် အလုပ်ရှင် ၊ အလုပ် သမားများနှင့် လုပ်အားခ အဆိုပြုပွဲ များအား တနင်္သာရီတိုင်းအတွင်း ခရိုင် အလိုက် ကျင်းပခဲ့ရာ ကော့သောင်း ခရိုင်တွင် တစ်ရက်လုပ်အားခ ကျပ် ၇၂၀၀ အဆိုပြုခဲ့ခြင်း ဖြစ်သည်။

“နယ်စပ်လည်းဖြစ်တယ်၊ ဟိုဘက် ခြမ်း(ထိုင်းနိုင်ငံ)ဈေးနှုန်းနဲ့ နှိုင်းယှဉ် လိုက်တော့ ကော့သောင်းမှာက အလုပ် သမားတွေ အဆိုပြုတာနည်းနည်း ဈေးမြင့်တယ်”ဟု ဝန်ကြီး ဦးဖြိုးဝင်းထွန်း က ပြောသည်။
အလုပ်သမားများဘက်က အဆိုပြု ငွေများမှာ ထားဝယ်ခရိုင်တွင် ကျပ် ငါးထောင်နှင့် မြိတ်ခရိုင်တွင် ကျပ် ငါးထောင်ငါးရာ ဖြစ်သည်။
အဆိုပြုထားသည့် အနိမ့်ဆုံးလုပ်ခ လစာအတိုင်း အတည်ပြုမည်ဆိုပါက အလုပ်သမားများအတွက် ပိုမိုအဆင်ပြေ စေမည်ဖြစ်သော်လည်း အလုပ်ရှင်များ ဘက်တွင် အခက်အခဲရှိနိုင်သည်ဟု ကော့သောင်းမြို့နေ ဆာက်လုပ်ရေး အလုပ် သမားခေါင်းဆောင် ဦးမြရောင် က ပြောသည်။

“ကော့သောင်းဒေသအနေနဲ့ ပြောရ ရင် အလုပ်သမား တစ်ယောက်က လည်း အနိမ့်ဆုံးတစ်ရက် ကျပ် ၇၀၀၀ ၊ ၁၀၀၀၀ လောက် ဝင်ငွေရှိမှ အဆင်ပြေ မယ်။ ဒီလိုမှ မဟုတ်ရင် မိသားစု ရပ်တည်ဖို့က ခက်ခဲတယ်။ ဒါကြောင့်လည်း လူငယ် အများစုက ထိုင်းရောက်သွားတာများ တယ်”ဟုဦးမြရောင်က ဆိုသည်။
ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်အလိုက် အလုပ်ရှင် အလုပ်သမား အဆိုပြုပွဲများကို ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်မှ စတင်ပြုလုပ်ခဲ့ရာအလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်ရှင်များ (သို့မဟုတ်)အလုပ်ရှင်မှ တာဝန်လွှဲအပ် ခံရသူများ တက်ရောက်အဆိုပြုခဲ့ကြ ကြောင်းတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ယင်းအဆိုပြုချက်များကို ပြည် ထောင်စုသို့ တင်ပြထားပြီး ဖြစ်ကြောင်း ဝန်ကြီးကစက်တင်ဘာလ ၁၂ ရက်တွင် ပြောသည်။

တနင်္သာရီတိုင်းအပါအဝင် ပြည် နယ်နှင့် တိုင်းအသီးသီမှ အဆိုပြုတင်ပြ ချက်များကို တစ်နိုင်ငံလုံးမှ စီမံ^ဘဏ္ဍာ ဝန်ကြီးများ၊ ပညာရှင်များစုဝေးကာ ပြည်ထောင်စုအဆင့် ထပ်မံဆွေးနွေးညှိ နှိုင်းအတည်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အနည်းဆုံးလုပ်ခလစာကို ၂ နှစ် တစ်ကြိမ် သတ်မှတ်သည်ဟု ဝန်ကြီးက ပြောသည်။

၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံရှိအလုပ်သမားများအတွက် အနည်းဆုံးအခ ကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ် မှတ်ခဲ့သည်။
တနင်္သာရီတိုင်းမှ ခရိုင်အလိုက် အလုပ်ရှင်၊ အလုပ်သမားအဆိုပြုချက်များ
အလုပ်သမားဘက်မှ အဆို ပြုငွေ(ကျပ်) အလုပ်ရှင်ဘက်မှ အဆိုပြုငွေ(ကျပ်)
ထားဝယ် ၅၀၀၀ ၅၀၀၀
မြိတ် ၅၅၀၀ ၅၀၀၀
ကော့သောင်း ၇၂၀၀ ၅၀၀၀