၁၀ နှစ်ကျော်သက်တမ်းရှိ အိမ်မွေး မိကျောင်းအား ပြန်လွှတ်ပေး

0
466

မြိတ်မြို့ကန်ဘောင်ရိုးရပ်ကွက်ရှိ နေအိမ် တစ်ဆောင်တွင် မွေးမြူထား သည့် ၁၀ နှစ်ကျော် သက်တမ်းရှိ မိကျောင်းတစ်ကောင်ကို စက်တင်ဘာလ ၃ ရက်တွင် မြစ်ထဲသို့ လွှတ်ပေးခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာနမှ သိရ သည်။

မိကျောင်းအား ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်က သက်ဆိုင်ရာဌာနသို့ ခေါ်ယူ အပ်နှံထားပြီးဖြစ်ကြောင်း မိကျောင်း မွေးနေအိမ်မှ သိရသည်။
အဝါရောင်ပေါ်တွင် အမည်းကွက် တုံးများဖြင့် အလျား ၆ ပေခန့်ရှိ မိကျောင်းအတွက် အစာဖိုး မတတ်နိုင် ခြင်းနှင့် အရွယ်အစားကြီးလာပါက နေအိမ်ရှိ သက်ကြီးရွယ်အိုနှင့် ပတ်ဝန်း ကျင်အတွက် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် အပ်နှံရခြင်းဖြစ်ကြောင်း ဒေါ်သန်းဌေးက ပြောပြသည်။

မိကျောင်းအား ၎င်းတို့ကျက်စားရာ ဘုတ်ပြင်းမြို့ရေပိုက်နက်အတွင်း သွား ရောက် လွှတ်ပေးခဲ့ကြောင်း မြိတ်မြို့နယ် သစ်တော ဦးစီးဌာနမှ သိရသည်။
ယင်းမိကျောင်းအရွယ် တစ်ထွာခန့် ရှိ အရွယ်မှစပြီး နယ်ပြောင်း သစ်တော ဝန်ထမ်းတစ်ဦးက လက်ဆောင်အဖြစ် ပေးခဲ့သဖြင့် နေအိမ်နံဘေးတွင် အုတ်ကန် ဖြင့် မွေးမြူထားခြင်းဖြစ်ကြောင်း ယင်း နေအိမ်မှ သိရသည်။