မြိတ် NLD ရုံးတွင် ထိုင်းဘာသာစကား အခမဲ့ သင်နိုင်ပြီ

0
479

မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွင် ထိုင်းဘာသာ စကားကို အခမဲ့သင်ကြားပေး လျက် ရှိကြောင်း မြိတ်မြို့နယ် NLD အတွင်း ရေးမှူး ဦးငြိမ်းချမ်းဦးထံမှ သိရသည်။

ထိုင်းဘာသာစကား သင်တန်းကို ဩဂုတ်လ ၂၉ ရက်က စတင်ဖွင့်လှစ် သင်ကြားနေပြီဖြစ်သော်လည်း စိတ်ပါဝင်စားသူများအနေဖြင့် ယင်းနေ့ မှစပြီး တစ်ပတ်အတွင်း စာရင်းပေးပြီး သင်ယူနိုင်ကြောင်း အထက်ပါရုံးမှ သိရသည်။

“မြိတ်ကျွန်းစုဘက်တွေကို ထိုင်း နိုင်ငံသားတွေ အဝင်များနေတော့ ကိုယ့်ဆီ က လူငယ်တွေ ထိုင်းစကား နားလည် ထားမှပဲ အလုပ်အကိုင်တွေကအစ အဆင် ပြေမှုတွေ ရှိလာမယ်”ဟု အတွင်းရေးမှူး ဦးငြိမ်းချမ်းဦးက ပြောသည်။

လက်ရှိသင်တန်းသား ၃၀ ဦးခန့် ရှိနေပြီး သင်တန်းကို မြန်မာ-ထိုင်း နယ်စပ် မောတောင်မြို့မှ ထိုင်းဘာသာစကား ကျွမ်းကျင်သည့် ဆရာများက နေ့စဉ် ည ၇ နာရီမှ ၉ နာရီအထိ ၃လကြာ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။