မြိတ်တွင် စည်ပင်ကော်မတီ အကြံပြုစာပုံး စထား

0
425

မြိတ်မြို့နယ် စည်ပင်သာယာ ရေးကော်မတီ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး မြို့နေလူထုအနေဖြင့် ဩဂုတ်လ ၃၁ ရက်မှစပြီး အကြံပြုစာ ပေးပို့ အကြံပြုနိုင်ပြီဖြစ်ကြောင်း ယင်း ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြော သည်။

ပြည်သူများအနေဖြင့် အကြံပြု စာများ ပေးပို့နိုင်ရန် မြို့ပေါ် ၃ နေရာ ဖြစ်သည့် မြို့သစ်လမ်းဆုံ၊ ဆိပ်ငယ်ဈေး ကြီးနှင့် ဗိုလ်ချုပ် ကြေးရုပ်စသည့် နေရာ များတွင် အကြံပြုစာပုံးများ စတင်ချ ထားကြောင်း အထက်ပါ စည်ပင် ကော်မတီမှ သိရသည်။

အကြံပြုစာများကို ၃ ရက်တစ်ကြိမ် သိမ်းဆည်းသွားမည်ကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
“ဒါက အကြံပြုတဲ့ စာပုံးပါ။ တိုင်စာတွေ ပေးရမယ့် ပုံးမဟုတ်ပါဘူး။ ပြည်သူတွေလည်း သေချာနားလည် ထားဖို့ လိုအပ်တယ်”ဟု မြိတ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ် ချက်ပြုသည်။

လုပ်ငန်းများကို ပြည်သူများနှင့် ပေါင်းစပ် လုပ်ကိုင်ရန်အတွက် ယင်းတို့ အကြံပြုစာပုံးများထားခြင်း ဖြစ်ကြောင်း အထက်ပါ စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။