အမျိုးသမီး ရဲတပ်သားသစ် အရည်အချင်း ကန့်သက်ချက်အချို့ တိုးမြှင့်

0
363

အမျိုးသမီးများ ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်မည့်သူများအား အရည်အချင်း ကန့်သတ်ချက်အချို့ကို ဩဂုတ်လမှစကာ တိုးမြှင့် သတ်မှတ် လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အမျိုးသမီး ရဲတပ်သား သစ်များ အတွက် လျှောက်ထားပါက ပညာ အရည်အချင်းကို ယခင်က တက္ကသိုလ် ဝင်တန်းအောင်ရုံဖြင့် လက်ခံပြီး လက် ရှိတွင် အစိုးရအသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုတွင် ဒုတိယနှစ် အောင်မြင်ပြီး မှသာ လက်ခံတော့မည် ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ယင်းအပြင် အသက်ကန့်သက် ချက်ကိုလည်း ယခင်က ၁၈ နှစ်ပြည့်ပြီး ၃၀ နှစ်မကျော်ရန် သတ်မှတ် ထား သော်လည်း လက်ရှိ တွင် ၁၈ နှစ်ထက် မငယ်ဘဲ ၂၅ နှစ်ထက်မကြီးရန် အစရှိ သည့် အချက် ၄ ချက်ကို သတ်မှတ် ပြင်ဆင်လိုက်သည်။

“ကန့်သတ်ချက်တွေ တိုးမြှင့်လိုက် ပြီးနောက်ပိုင်း အမျိုးသမီး ရဲတပ်သား သစ် မခေါ်သေးဘူး”ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
အမျိုးသမီး ရဲတပ်သားသစ် သင်တန်းကို နေပြည်တော်ရှိ သင်တန်း ကျောင်းတွင် အချိန် ၆ လကြာ တက် ရောက် သင်ကြားရမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆို သည်။

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တွင် ရဲတပ်ဖွဲ့ဝင် အရေအတွက် တစ် ထောင် ကျော်ရှိပြီး အမျိုးသမီးရဲတပ်ဖွဲ့ဝင် ၁၀၄ ဦးရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။