အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ဆိုင်ကယ်တိမ်းမှောက်သူ မူးယစ်ဆေးအမှုဖြင့် အဖမ်းခံရ

0
432

မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ မြစ်မရပ်ကွက် မီးသတ်အနီးရှိ ယင်းနယ် မြေအုပ်ချုပ်ရေးမှူး အိမ်ရှေ့တွင် ဩဂုတ် လ ၂၃ ရက်က ဆိုင်ကယ်တိမ်း မှောက် သူတစ်ဦးကို မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထားကြောင်း ယင်းမြို့နယ်ရဲ စခန်းမှ သိရသည်။

ဆိုင်ကယ်မတော်တဆ တိမ်းမှောက် ခဲ့ပြီး ဒဏ်ရာများဖြင့် လဲနေသဖြင့် ဆေး ရုံပို့ရန်စီစဉ်ခဲ့ကာ နာမည်နှင့်နေရပ်တို့ အား မေးမြန်းခဲ့ရာ ဒဏ်ရာများဖြင့် ပြန် လည်ဖြေဆိုနိုင်ခြင်းမရှိသည့်အတွက် လူနာမည်နဲ့နေရပ်လိပ်စာတို့အား သိရှိ နိုင်ရန်အတွက် ဆိုင်ကယ်တိမ်းမှောက် သူ၏ခါးမှ ပိုက်ဆံအိတ်အား ဖွင့်ကြည့် ရာမှမူးယစ်ဆေးဝါး တွေ့ရှိခဲ့ရကြောင်း ရဲစခန်းမှ သိရသည်။

ယင်းနောက် ရဲစခန်းသို့ အကြောင်း ကြားခဲ့ပြီး ဆိုင်ကယ်မှောက်သူအား ဆေးရုံအချုပ်သို့တင်ပို့ကာ ဆေးဝါး ကုသမှုခံယူခဲ့ရကြောင်း သိရသည်။
ဆိုင်ကယ်တိမ်းမှောက်သူ၏ လက် ကိုင်အိတ်အတွင်းမှ WY စိတ်ကြွ ဆေးပြား ၁၈ ပြားကို တွေ့ရှိခဲ့သဖြင့် မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့် အရေး ယူထားကြောင်း မြို့မရဲစခန်းမှ သိရ သည်။