ကော့သောင်းတွင် မိုးစပါးချေးငွေ ဩဂုတ် ဒုတိယအပတ် ထုတ်ချေးမည်ဟုဆို

0
404

ကော့သောင်းမြို့တွင် ယခုနှစ် မိုး စပါးစိုက်ပျိုးစရိတ်ချေးငွေကို ဩဂုတ်လ ဒုတိယအပတ်တွင် စတင်ထုတ်ချေးနိုင် မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုး ရေးဘဏ်၊ တနင်္သာရီတိုင်းဒေသကြီး ဘဏ်ခွဲထံမှ သိရသည်။
တနင်္သာရီတိုင်းတွင် မိုးစပါးစိုက် ပျိုးစရိတ်ချေးငွေကို မေလ ၂၃ ရက်နေ့မှ စတင်ထုတ်ချေး ပေးလျက်ရှိသော်လည်း ကော့သောင်းမြို့နယ်တွင် ယခင်နှစ် ကြွေးကျန် ဆပ်ရန်ကျန်သူရှိနေခြင်း ကြောင့် အခွန်ကြွေးရှင်းသည့် အခြားမြို့ နယ်များကို ဦးစားပေး ထုတ်ချေးနေ ကြောင်း အထက်ပါ ဘဏ်ခွဲထံမှ သိရ သည်။

ယင်းကြောင့် ကော့သောင်းမြို့ နယ်တွင် ချေးငွေထုတ်ချေးရန် နောက် ကျနေခြင်းဖြစ်ကြောင်း ယင်းဘဏ်ခွဲမှ တိုင်းဒေသကြီး မန်နေဂျာ ဦးဝင်းနိုင်က ပြောသည်။
ကော့သောင်းမြို့နယ်တွင် ယခင် နှစ်က တောင်သူ ၁၂၇ ဦးကို ငွေကျပ် ၁၀၉.၀၅ သန်း ထုတ်ပေးထားပြီး တောင်သူတစ်ဦးမှ ငွေကျပ် ၁၅သိန်း ဆပ်ရန် ကျန်နေသေးကြောင်း ၎င်းက ပြောသည်။

“ချေးငွေ မကျေသေးတဲ့တစ်ရွာ ကိုခဏထားပြီး ကျန်တဲ့ရွာတွေကိုတော့ ထုတ်ချေးပေးဖို့ အခုဝန်ထမ်းတွေ ကော့သောင်း ရောက်နေပြီ”ဟု မန်နေဂျာ ဦးဝင်းနိုင်က ပြောသည်။
စိုက်ပျိုးစရိတ် ချေးငွေမရခြင်း ကြောင့် ၁၀ ကျပ်တိုး၊ ၁၅ ကျပ်တိုးများ ဖြင့် ချေးငှားကာ လယ်စိုက်နေရသည်ဟု ကော့သောင်းမြို့နယ်၊ ချောင်းဝကျေးရွာမှ လယ်သမား ဦးငြိမ်းမောင်က ပြောသည်။

“တစ်ယောက်မဆပ်နိုင်တာနဲ့ ကျန် တဲ့လူတွေပါ နာမည်ပျက်ကုန်ပြီး ချေးငွေ မရတာတော့ မဖြစ်သင့်ဘူး”ဟု ၎င်းက ပြောသည်။
ကော့သောင်းမြို့တွင် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ခွဲမရှိသဖြင့် မြန်မာ့ စီးပွားရေဘဏ်ခွဲနှင့် ချိတ်ဆက် ဆောင် ရွက်ရပြီး မြိတ်ရှိမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဝန်ထမ်းများက စုရပ် သတ်မှတ်ကာ ချေးငွေထုတ်ချေးလေ့ ရှိကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၊ တနင်္သာရီတိုင်းဒေသကြီးဘဏ်ခွဲ ထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် မိုးစပါးချေး ငွေကို မေလ ၂၃ ရက်နေ့မှ စတင်ထုတ် ချေးလျက်ရှိပြီး တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် လယ်သမား တစ်ဦးကို အများ ဆုံး ၁၀ ဧကအထိ ချေးယူခွင့် ရှိကြောင်း သိရသည်။