ထားဝယ်ကာယဗလအသင်း အဆင့်မြင့် လေ့ကျင့်ရေးစက် ထပ်တိုး

0
418

ထားဝယ်ကာယဗလအသင်းတွင် ခေတ်မီအဆင့်မြင့် လေ့ကျင့်ရေးစက် သုံးခုကို ထပ်တိုးတပ်ဆင်လိုက်ကြောင်း ယင်းအသင်းထံမှ သိရသည်။
ခါးအောက်ပိုင်းကို လေ့ကျင့်ရ သည့် စက်ပစ္စည်းအမျိုးအစား ၃ခုကို ဩဂုတ်လ ၆ ရက်က တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ယင်းအသင်းတွင် ခေတ်မီ အဆင့် မြင့်လေ့ကျင့်ရေးစက်များကို ယခင်နှစ် ကလည်း သုံးခုတပ်ဆင်ခဲ့သဖြင့် ထား ဝယ်ကာယဗလ အသင်းတွင် ခေတ်မီစက် ၆ ခု ရှိလာကြောင်း သိရသည်။
“ခေတ်မီစက်တွေ တပ်ဆင်လိုက်လို့ လူငယ်တွေ ကာယဗလအားကစားကို ပိုစိတ်ဝင်စားလာနိုင်တယ်”ဟု ထားဝယ် ကာယဗလ အသင်းက အတွင်းရေးမှူး(၁) ဦးထွေးလတ်က ပြောသည်။

ကာယဗလ အားကစားသမားများ ကို နည်းစနစ်အပိုင်း စက်ပစ္စည်းပိုင်းတွင် ကမ္ဘာ့အဆင့်မီလေ့ကျင့်နိုင်မည်ဆို ပါက မျိုးဆက်သစ် အားကစားသမားများ ကို ပိုမိုမွေးထုတ်နိုင်မည်ဟု မျှော်လင့် ကြောင်း ဦးထွေးလတ်က ဆိုသည်။

“နိုင်ငံခြားက စက်တွေလိုမျိုး ဒီမှာ ရှိနေရင် ဘယ်လောက်ကောင်းမလဲလို့ အရင်ကတွေးနေတာ အခုလို ခေတ်မီစက် တွေနဲ့လေ့ကျင့်ရတော့ အရမ်းပျော်တယ်”ဟု ကညုံရပ်မှ အသက် ၂၁ နှစ် အရွယ် အသင်းဝင် ကစားသမား ကိုညီညီလတ် က ပြောသည်။

ထားဝယ် ကာယဗလအသင်းတွင် အသင်းဝင် အမျိုးသမီး ၂၀ ဦး အမျိုး သား ၁၅၀ ဦး တို့က နံနက် ညနေခွဲကာ လေ့ကျင့်လျက်ရှိပြီး နောက်ပိုင်းတွင် သင်တန်း ဆရာခန့်ထားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။