မြိတ်တွင် နားရောဂါ အခမဲ့ ကုသပေးမည်

0
422

မြန်မာ-ထိုင်း ချစ်ကြည်ရေး အစီ အစဉ်ဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ထိုင်းနိုင်ငံ နားအထူးကု ဆရာဝန်ကြီးများ အဖွဲ့မှ နားနှင့်ပတ်သက်သော ရောဂါ များကို ဩဂုတ်လ ၇ ရက်မှ စတင်၍ အခမဲ့လာရောက် ကုသပေးသွားမည်ဖြစ် ကြောင်း ယင်းဆေးရုံမှ သိရသည်။

“၇ ရက်နေ့မှာ လူနာတွေကို စမ်းသပ်စစ်ဆေးပေးမယ် ၈ရက်နဲ့ ၉ ရက်နေ့မှာတော့ ခွဲစိပ်ကုသပေးသွား မယ်”ဟု ယင်းဆေးရုံ၏ အရေးပေါ် ကုသရေးဌာနမှ တာဝန်ခံ ဆရာဝန်က ပြောသည်။

ထိုင်းနိုင်ငံမှ နားအထူးကု ဆရာဝန် ကြီးများအဖွဲ့မှ နားနှင့်ပတ်သက်သော ရောဂါများကို စမ်းသပ်စစ်ဆေးကုသ ခြင်း၊ နားအကြားအာရုံ စမ်းသပ်စစ် ဆေးခြင်း၊ ခွဲစိတ်ကုသခြင်းများကို ပြု လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နှာခေါင်း၊ လည်ချောင်း နှင့် ပတ်သက်သော ရောဂါများကိုလည်း မြိတ်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး များက ပူးပေါင်းပါဝင် ကုသပေးသွားမည် ဖြစ်ကြောင်း ယင်းဆေးရုံကြီးမှ သိရ သည်။

အဆိုပါရောဂါများကို ကုသနိုင်ရန် အတွက် ကုသပေးမည့် ရက်၌ သော် လည်းကောင်း၊ ကြိုတင်၍သော်လည်း ကောင်း စာရင်းလာရောက် ပေးသွင်း နိုင်ကြောင်း သိရသည်။