လယ်ယာမြေပြဿနာ ငါးပွင့်ဆိုင်ကိစ္စ တရားဝင်တောင်းဆိုပါက ဆွေးနွေးမည်ဟုဆို

0
378

ထားဝယ်ခရိုင် တောင်သူလယ် သမားသမဂ္ဂမှ ကြေညာချက်ထုတ်ပြန်တောင်းဆိုထားသည့် ငါးပွင့်ဆိုင်တွေ့ ဆုံမည့် ကိစ္စကို တရားဝင်စာပို့တောင်း ဆိုပါက တွေ့ဆုံဆွေးနွေးမည် ဖြစ် ကြောင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
ဇူလိုင်လ ၂၄ ရက်နေ့က ပြုလုပ် သည့် တိုင်းအစိုးရအဖွဲ့ တစ်နှစ်ပြည့် သတင်း စာရှင်းလင်းပွဲတွင် ဝန်ကြီးက သတင်း မီဒီယာသမားများကို အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“တရားဝင်စာနဲ့ပေနဲ့ဆိုရင် တွေ့မှာ ဆွေးနွေးမှာ၊ လိုအပ်တဲ့သူခေါ်မှာ၊ ပညာရှင်တွေခေါ်မှာ၊ သူ့ဘက်လဲခေါ် ကိုယ့်ဘက်လဲခေါ် အဲဒါမှ အဖြေကထွက် မှာကို”ဟု ဦးမြင့်စန်းက ပြောသည်။
လယ်သမား အဖွဲ့အစည်းအနေနှင့် ကိုယ်စားလှယ်များရွေးချယ် တာဝန်ပေး ထားရန် လိုအပ်ပြီး သူ့ဖက်ကိုယ့် ဖက် ပညာရှင်များကို ခေါ်ယူဆွေးနွေး သွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ငါးပွင့်ဆိုင် တွေ့ဆုံးဆွေးနွေမည့် ကိစ္စ တရားဝင်စာပို့ တောင်းဆိုရန် အတွက် လယ်သမားများ၏ သဘော ထား ကိုမေးမြန်ပြီးမှ ဆုံးဖြတ်မည် ဖြစ်ကြောင်း ဒေါ်ရီရီထွေးက ပြောသည်။
တိုင်းအစိုးရ၊ လယ်သမား၊ တတ် သိပညာရှင်များ၊ (လယ်သမားများ ဘက်မှ ရွေးချယ်သော) လယ်သမားကိုယ် စားလှယ်များနှင့် နိုင်ငံရေးပါတီများ ပါဝင်သည့် ငါးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပပေးရန် ထားဝယ်ခရိုင် တောင်သူ လယ်သမားသမဂ္ဂမှ ဇူလိုင်လ ၁၄ ရက် နေ့က တောင်းဆိုထားသည်။