ပလောက် ရေလုပ်သားတစ်ဦး မိကျောင်းအကိုက်ခံရ

0
659

ပလောက်မြို့နယ် ပြည်ခြား ကျေးရွာ အုပ်စုအတွင်း ဇူလိုင်လ ဒုတိယအပတ်က မိကျောင်း အကိုက်ခံရသဖြင့် ၁၇ ရွယ် ရေလုပ်သား တစ်ဦးသေဆုံးခဲ့ရကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောဝေးဘာလ်ထံမှ သိရသည်။

မိကျောင်းဆွဲခံရသူသည် မြင်းက ကြဲရွာသားဖြစ်ပြီး ပလောက်ချောင်း (ပြည်ခြားရွာနှင့် ခန္တီရွာကြား)ရှိ တစ် တောင်ကျော်အနက်ရှိ ရေတိမ်ပိုင်းတစ် နေရာတွင် ငါးဖမ်းပိုက်ဆွဲနေစဉ် မိကျောင်း ဆွဲခံရခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။
မိကျောင်းဆွဲခံရသူ၏ ရုပ်အလောင်း ကို ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်း အချိန်တွင် ဆွဲခံရသည့်နေရာ အနီး တစ်ဝိုက်မှ ပြန်လည်တွေ့ရှိခဲ့ပြီး ခါး လယ်ပိုင်းတွင် မိကျောင်းကိုက်ထား သည့် ဒဏ်ရာများကို တွေ့ရှိခဲ့ရကြောင်း မြင်းကကြဲရွာရာအိမ်မှူးက ပြောပြသည်။

“မိကျောင်းရဲ့ခေါင်းက ၃ ပေ လောက်ရှိမယ် အကောင်တော့ မတွေ့ရ ဘူး။ ခေါင်းကိုပဲ တွေ့ရတာ ပစ်ဖမ်းလို့ တော်တော်ခက်တယ်”ဟု အုပ်ချုပ်ရေးမှူး စောဝေးဘာလ်က ပြောသည်။
အဆိုပါ ရွာသား မိကျောင်း အဆွဲခံ ရသည့်နေရာ ပလောက်ချောင်းသည် ရေချိုရေငံစပ်နေရာဖြစ်ပြီး မိကျောင်းကို မကြာမကြာတွေ့ရလေ့ရှိကြောင်း ယင်း မြို့ခံအချို့ထံမှ သိရသည်။