ကော့သောင်း နယ်စပ်ဖြတ်သန်းခ ဝင်ငွေ တစ်လကျပ်သိန်း တစ်ထောင်ကျော်ရ

0
548

ကော့သောင်းတွင် နယ်စပ်ဖြတ် သန်းခဝင်ငွေ တစ်လလျှင် ကျပ်သိန်း တစ်ထောင်ကျော် ရရှိကြောင်း မြို့နယ် လူဝင်မူကြီးကြပ်ရေး ဌာနခွဲ ၂ ထံမှ သိရသည်။
နယ်စပ်ဂိတ်ပေါက်များဖြစ်သည့် ကော့သောင်းမြို့မတံတား၊ သူဌေးကျွန်း၊ ရတနာကျွန်း စသည့် ဝင်ပေါက်များမှ နေ့စဉ်ဝင်ထွက်နေသည့် ထိုင်းနိုင်ငံနှင့် တတိယနိုင်ငံသားများထံမှ နယ်စပ် ဖြတ်သန်းခကို ကောက်ခံခြင်းဖြစ်ပြီး တစ်လလျှင် အနည်းဆုံးကျပ်သိန်း ၁၂၀၀ ခန့်ရကြောင်း အထက်ပါဌာနထံမှ သိရ သည်။
ခရီးသည်အဝင်များသည့် လများ တွင် အများဆုံး ကျပ်သိန်း ၁၈၀၀ အထိ ရရှိကြောင်း ယင်းဌာနထံမှ သိရ သည်။

မြို့မတံတားတွင် ထိုင်းနိုင်ငံသား တစ်ဦးကို ဘတ် ၃၀ ကောက်ခံပြီး တတိယနိုင်ငံသားတစ်ဦးကို အမေရိ ကန် ဒေါ်လာ ၁၀ ဒေါ်လာ ကောက်ခံ ကြောင်း ယင်းဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး အန်းယင်က ပြောသည်။
“သူဌေးကျွန်းနဲ့ ရတနာကျွန်း ကဝင်ရင် တတိယနိုင်ငံသားဆီ ကောက် တဲ့ ငွေပမာဏ မပြောင်းပေမဲ့ ထိုင်းနိုင်ငံ သား တွေကို ဘတ်ငွေ ၁၀၀ ကောက် တယ်”ဟု ၎င်းက ဆိုသည်။

ကော့သောင်းနယ်စပ်မှတဆင့် ဧပြီ ၁ ရက်နေ့မှ ဇူလိုင် ၁၂ ရက်အထိ ထိုင်းနိုင်ငံသား တစ်သိန်းနီးပါး ဝင် ရောက်ခဲ့ပြီး တတိယနိုင်ငံသား လေး ထောင်နီးပါး ဝင်ရောက်ခဲ့သည်ဟု လူဝင် မှုကြီးကြပ်ရေး ဌာနခွဲ၂ ထံမှ သိရသည်။