ဒယ်လ်ကိုကုမ္ပဏီတွင် လူမှုဝန်းကျင် ဆန်းစစ်မှုနှင့် စီမံခန့်ခွဲမှု အစီရင်ခံစာများ စောင့်ကြည့်ရေးအဖွဲ့တောင်း

0
397

လူမှုဝန်းကျင်ဆန်းစစ်မှုနှင့် စီမံခန့် ခွဲမှုအစီရင်ခံစာများ ကျေးရွာလူထုထံ တင်ပြရန်ကံပေါက်ကျေးရွာတွင် သတ္တု တူးဖော်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် ဒယ်လ်ကိုကုမ္ပဏီထံတွင် ဇူလိုင်လ ၁၀ ရက်က သတ္တုတွင်းစောင့်ကြည့် အဖွဲ့က တောင်းဆိုလိုက်သည်။
ဒယ်လ်ကို သတ္တုလုပ်ကွက်စောင့် ကြည့်ရေးအဖွဲ့ဝင် ၁၀ ဦး လက်မှတ်ရေး ထိုးကာ ကုမ္ပဏီသို့ စာပို့တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဒယ်လ်ကိုကုမ္ပဏီအနေဖြင့်EIA ၊ SIA နှင့်EMP တို့ကို ပြုစုပြီးစီးပါက ကျေးရွာလူထုသို့တင်ပြရန်နှင့် မပြုစု ရသေးပါက လုပ်ထုံးလုပ်နည်း၊ စံချိန် စံညွှန်းများအတိုင်း အမြန်ဆုံးပြုစုရန် တောင်းဆိုသည့်စာတွင် ပါရှိသည်။

“သတ္တုလုပ်ငန်းတွေမှာEIA ၊ SIA တွေရှိရမယ်။ အဲဒါတွေ လုပ်ထားရဲ့ လားဆိုတာ စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ တောင်းတာပါ” ဟု ကံပေါက်သတ္တုတွင်း စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးကျော်မိုးဦးက ပြောသည်။

၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် သတ္တုတွင်းဥပဒေအရ သတ္တုတွင်းလုပ် ငန်းများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ အနက် သဘာဝပတ် ဝန်းကျင်နှင့် လူမှုဘ၀ ထိခိုက်မှုဆန်းစစ် ခြင်းအစီရင်ခံစာ(EIA ၊ SIA) နှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီ ရင်ခံစာ(EMP) ရေးဆွဲရမည်ဖြစ် ကြောင်း ဦးကျော်မိုးဦးက ဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့က ကုမ္ပဏီသို့ စာပို့တောင်းဆိုထားသော်လည်း ဇူလိုင် လ ၁၄ ရက်နေ့ ည ၈ နာရီအထိ ကုမ္ပဏီ ဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန် ကြားခြင်းမရှိသေးကြောင်း စောင့်ကြည့် ရေးအဖွဲ့ထံမှ သိရသည်။
ဒယ်လ်ကို သတ္တုတွင်းစောင့်ကြည့် ရေးအဖွဲ့သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဖွဲ့ စည်းထားသည့် အဖွဲ့ဖြစ်သည်။