သိမ်းဆည်းဆိုင်ကယ်အစီး တစ်ရာကျော် လေလံပစ်မည်

0
461

သက်ဆိုင်ရာ တရားရုံးများတွင် အမှုပြီးပြတ်ပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ဆိုင်ကယ်အစီးရေ တစ်ရာကျော်ကို လေလံပစ်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြော ကြားသည်။

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းထား သည့် ဆိုင်ကယ် ၁၀၂ စီးကို ခရိုင်အလိုက် အုပ်စုများခွဲကာ လာမည့် လတွင် လေလံ ပစ် သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး တိုင်းဒေသကြီး ဝန်ကြီးက ဆိုသည်။

“Lot(အစု) အလိုက် အဆိုးနဲ့ အကောင်းမျှပြီး လေလံတင်သွားမယ်” ဟု ဝန်ကြီးဦးဖြိုးဝင်းထွန်းက ပြော သည်။
ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ထားသည့် ကား ၁၅ စီးကိုမူ ဌာနပိုင်ကား မရှိသေးသည့် တိုင်းအဆင့် ဌာနများကို မဲစနစ်ဖြင့် ခွဲဝေပေးရန် ရှိကြောင်း ၎င်းကဆိုသည်။

ယမန်နှစ်ကပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းထားသည့် ကားများကို တိုင်း ဒေသကြီး အစိုးရက လေလံတင် ရောင်း ချ ခွင့်ရှိသော်လည်း ယခုနှစ်မှစကာ ပြည်ထောင်စု အစိုးရကသာ ရောင်းချခွင့် ရှိတော့ကြောင်း သိရသည်။
လက်ရှိတွင် ကားအစီးရေ နည်း သည့်အတွက် ပြည်ထောင်စုထံတင်ပြပြီး ခွဲဝေပေးရန် စီစဉ်ခြင်းဖြစ်သည်။