နှစ်လမ်းသွား ဝင်းဝတံတားအသစ် ဆောက်မည်

0
425

လက်ရှိဘဏ္ဍာနှစ်တွင် ဝင်းဝတံ တားကို နှစ်လမ်းသွားအဖြစ် အသစ် တည် ဆောက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာန ထံမှ သိရသည်။လက်ရှိတံတားမှာ သံဘေလီ တံတားဖြစ်ပြီး ကျဉ်းမြောင်းသည့်အတွက် တစ်လမ်းမောင်းအဖြစ်သာ အသုံးပြုနိုင် ခြင်း၊ ကြမ်းခင်းသစ်များနှစ်စဉ် လဲလှယ် နေရခြင်းများကို ဖြေရှင်းနိုင်ရန် အသစ် ထပ်မံ တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ် ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

” လာမယ့် ဩဂုတ်လမှာ စဆောက် နိုင်ဖို့ မျှော်မှန်းထားတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
တည်ဆောက်မှုကို တစ်နှစ်အတွင်း ပြီးရန် မျှော်မှန်းထားပြီး ငွေကျပ်သန်း ၂၅၀၀ သုံးစွဲရန် လျာထားကြောင်း ၎င်းက ဆိုသည်။
လက်ရှိတံတားမှာ ကားဖြတ်သန်း သွားချိန်တွင် လှုပ်ရမ်းနေသည့်အတွက် စိတ်မလုံမခြုံဖြစ်ရကြောင်း ထားဝယ်မြို့ နေ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုဟိန်း အာကာက ဆိုသည်။

‘ ဒီလို အသစ်ဆောက်မယ်ဆိုတော့ စိတ်ချလက်ချ ဖြတ်သွားနိုင်မယ်ထင် တယ်” ဟု ကိုဟိန်းအာကာက ပြောသည်။
အရှည်ပေ ၅၀၀ ခန့်ရှိ သံကူကွန် ကရစ်တံတားကို လက်ရှိ ဘေလီတံတား အနီးတွင် ဆောက်သွားမည်ဖြစ်ပြီး တည် ဆောက်ပြီးစီးပါက တံတားဟောင်းကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း လမ်းဦး စီးဌာနထံမှ သိရသည်။

ဝင်းဝတံတားနှင့်အတူ မြိတ်ခရိုင် အတွင်းရှိသမုတ်-လော့လော့နှင့် တနင်္သာရီ တံတားကိုလည်း တည်ဆောက်သွား ရန်ရှိကြောင်း သိရသည်။