အသက်၉၀နှစ်နှင့်အထက် ဘိုဘွား တစ်ထောင်ကျော်ကို သိန်း ၃၀၀ ကျော် ထောက်ပံ့

0
381

တနင်္သာရီတိုင်းအတွင်းရှိ အသက် ၉၀ နှစ်နှင့်အထက် ဘိုးဘွားတစ်ထောင် ကျော်အား ငွေကျပ်သိန်း ၃၀၀ကျော် ကို ဇွန်လ ၁၅ ရက်က ထောက်ပံ့ ခဲ့ကြောင်း တိုင်းဒေသကြီး လူမှု ဝန်ထမ်း ဦးစီးဌာန ထံမှ သိရသည်။

ဘိုးဘွား ၁ ဦးကို တစ်လလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် ၃ လစာ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဘိုးဘွား ၁၁၃၄ ဦး အတွက် သက်ဆိုင်ရာ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးများမှ တစ်ဆင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။
မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများက ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် အသက် ၉၀ နှစ်နှင့်အထက် ဘိုးဘွား များကို ပေးအပ်သွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်စန်းရီက ပြောသည်။

“ဝေးလံတဲ့ ရွာတွေက ဘိုးဘွားတွေ အဆင်ပြေအောင် ရပ်ကျေးအုပ်ချုပ်ရေး မှူးတွေက တစ်ဆင့် ထုတ်ပေးတာပါ”ဟု လူမှုဝန်ထမ်း ဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဒေါ်ခင်စန်းရီက ပြောသည်။ထောက်ပံ့ငွေကို ၃ လ တစ်ကြိမ် ပေးမည်ဖြစ်ပြီး နောက် တစ်ကြိမ် ပေးရန်အတွက် သက်ရှိ ထင်ရှားရှိ မရှိ၊ အသက် ၉၀ ပြည့် ထပ်တိုးဦးရေ အစရှိ သည့် အချက်များကို ပြန်လည်စာရင်း ကောက်ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။