မြိတ်တွင်မူးယစ်ဆေးဝါးနှင့် သေနတ်ဖမ်းမိ

0
432

မြိတ်တွင် WY စိတ်ကြွဆေးပြား များနှင့်အတူကျည်ဆံများပါသည့် ပစ္စတိုသေနတ် ၁ လက်ကို ဇွန်လ ၁၈ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မြိတ်တောင်နယ်မြေ စာသင် ကျောင်းလမ်းရှိ အသက် ၄၆ နှစ်အရွယ် အမျိုးသား၏နေအိမ်ကို ဝင်ရောက်ရှာဖွေ ရာ ဝါးထရံကြားတွင် ညှပ်ထားသည့် WY စိတ်ကြွဆေးပြား ၁၁၀ ပြားနှင့် 9MM ပစ္စတိုတစ်လက်နှင့်အတူ ကျည်ဆံ ၁၂ တောင့်ကိုပါ ဖမ်းမိခဲ့ကြောင်း တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးနှင့် သေနတ်ဖမ်းမိ သည့် နေအိမ်တွင် အိမ်ရှင်အမျိုးသားနှင့် အတူ အခြားအမျိုးသား ၃ ဦးကို ဖမ်း မိခဲ့ကြောင်း တိုင်းရဲမှတ်တမ်းအရ သိရ သည်။
” ဝင်ဖမ်းတဲ့အချိန်မှာလက်ဦးမှုရ တော့ ရသွားတော့ ပြန်လည်ခုခံမှုတွေ မရှိခဲ့ဘူး” ဟု မြိတ်၊ မြို့မရဲစခန်း တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

အသက် ၄၆ နှစ်အရွယ်ရှိ အိမ်ရှင် အမျိုးသားကို ဆက်လက်စစ်ဆေးရာ မူးယစ်ဆေးနှင့် သေနတ်ကို ပြီးခဲ့သည့် ၆ လခန့်က မြိတ်တောင်နယ်မြေနေ အ သက် ၄၅ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦး(လွတ်မြောက်နေဆဲ) ထံမှရရှိခဲ့ သည်ဟု သိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အိမ်ရှင်အမျိုးသားအပါအဝင် အမျိုးသား ၄ ဦးကို မယ(ပ)၁၀၀^၂၀၁၇ ၊ မူး၊စိတ်ပုဒ်မ ၁၅၊၁၉(က)၊၂၀(က)၊ ၂၂(ခ)၊၂၁ ဖြင့် မြိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။