ဓမ္မစာပေရေးရာပြိုင်ပွဲ ကျောင်းသား၊ ကျောင်းသူ နှစ်ထောင်ခန့် ဖြေဆိုမည်

0
456

ဓမ္မစာပေရေးရာ ပြိုင်ပွဲအတွက် ကျောင်းသား၊ ကျောင်းသူ နှစ်ထောင်ခန့် ဖြေဆိုယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

အဆိုပါပြိုင်ပွဲကို ဩဂုတ်လ ၆ ရက်မှ ၂၀ ရက်ထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ကော့သောင်း အထက ၁ နှင့် မဉ္ဇူ သကခန်းမတို့တွင် ပြုလုပ်မည် ဖြစ်ကာ ကြိုတင်စာရင်းအရ ကျောင်းသား^ သူ နှစ်ထောင်ခန့်ရှိကြောင်း ပြိုင်ပွဲကျင်းပ ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဒီပြိုင်ပွဲတွေလုပ်ပေးရတာက ဘာသာရေးစာတွေ ဘုရားရှစ်ခိုးတွေကို နှုတ်က အလွတ်ရပေမဲ့ ရေးချမတတ်တာ တွေ တတ်သွားအောင် လေ့ကျင့်ပေးခြင်း ပဲဖြစ်ပါတယ်” ဟု ဓမ္မစာပေ ပြိုင်ပွဲကျင်းပ ရေးတာဝန်ခံ ဦးခင်လတ်ထွန်းက ပြော သည်။

ယခုကျင်းပမည့်ပြိုင်ပွဲသည် ပဉ္စမအကြိမ်ကျင်းပခြင်းဖြစ်ပြီး ပါဠိတော် လက်ရေးလှ၊ ဓမ္မစာစီစာကုံး၊ ဓမ္မပုံပြော၊ သုတစုံလင် ဓမ္မပဟေဠိပြိုင်ပွဲ ၄ မျိုး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။