လေယာဉ်ပျက်ကျသည့် အကြောင်းရင်း မထိန်ချန်ဘဲ ထုတ်ပြန်မည်ဟု ကာချုပ်ဆို

0
518

တပ်မတော်လေယာဉ် ပျက်ကျ သည့် အကြောင်းအရင်းကို မထိန်ချန်ဘဲ တိုင်းပြည်သို့ အသိပေးသွားမည်ဖြစ် ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်က ပြောကြားသည်။

လက်ရှိအချိန်တွင် လေယာဉ်အမြီး ပိုင်း အစိတ်အပိုင်းတစ်ခုကို တွေ့ရှိထား ပြီး လေယာဉ်၏ Black Box ကို ရရှိ ပါက ပျက်ကျရသည့် အကြောင်းအရင်း ကို သိနိုင်မည်ဖြစ်ကြောင်း တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ဇွန်လ ၁၆ ရက်က ထားဝယ်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်သည့် လေယာဉ် ပျက်မှုတွင် ကူညီကယ်ဆယ်ရေး လုပ် ဆောင်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ ပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။” ဒီအဖြေ ထွက်လာမယ်ဆိုရင်တော့ ရှိတဲ့အဖြေအတိုင်း တိုင်းပြည်ကို အသိ ပေးပါ့မယ်၊ ဘာမှ ထိန်ချန်မှု လုပ်မှာ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဇွန်လ ၇ ရက်နေ့က ပျက်ကျ ခဲ့သည့် Y-8 တပ်မတော်လေယာဉ်တွင် လိုက်ပါ သွားသူများ၏ ရုပ်အလောင်း များ ၉၀ ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း တပ် မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဇွန်လ ၁၅ ရက်က ထုတ်ပြန်ထားသည်။