ပိုင်ဆိုင်မှု အငြင်းပွားရာမှ ရုန်းရင်းဆန်ခတ်ဖြစ်သည့် တော်ဝင်ပန်းစားသောက်ဆိုင် ရဲလုံခြုံရေးချထား

0
470

ပိုင်ဆိုင်မှု အငြင်းပွားရာမှ လူစု လူဝေးဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွား ခဲ့ သည့် မော်လမြိုင်မြို့ရှိ တော်ဝင်ပန်း စားသောက်ဆိုင်တွင် ရဲတပ်ဖွဲ့မှ လုံခြုံ ရေး ချထားကြောင်း သိသည်။

မေလ ၂၁ ရက် ည ၉ နာရီခန့်က မော်လမြိုင်မြို့ ငန်းတေးလမ်းမကြီးရှိ တော်ဝင်ပန်း စားသောက်ဆိုင်၏ ပိုင် ရှင်ဆိုသူ ဒေါ်တင်စိန် (၆၅ နှစ်)နှင့် မိသားစု အပြင်သို့ ရောက်ရှိနေချိန်တွင် ဒေါ်တင်စိန်၏ သမက်ဟောင်းဖြစ်သူ ဦးသန်းဦး (ခ) ပန်းဦး (၃၉ နှစ်)နှင့် အတူ လူ ၆ ဦးတို့က ဆိုင်သို့ ဝင်ရောက် ခဲ့ရာမှ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရ သည်။

” ပစ္စည်းပိုင်ဆိုင်မှု အငြင်းပွားရာ ကနေ ဖြစ်တယ်၊ ဒီအိမ်ဆိုင်က ဘယ်သူ ပိုင်လဲဆိုတာ အတိအကျ မသိသေးဘူး။ ဒေါ်တင်စိန်က လည်း သူပိုင်တယ်။ ဦးသန်းဦးကလည်း သူပိုင်တယ်ဆိုပြီး ပြောတယ် ။ နှစ်ဦးနှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားကြတယ်။ လက်ရှိအနေ အထားအရ လုံခြုံရေးတွေ စောင့်ကြည့် ထားတယ်။ ဘယ်နေ့ထိ လုံခြုံရေးတွေ ချသွားမယ်ဆိုတာ အတိအကျ မပြောနိုင် ဘူး” ဟု ဇေယျာသီရိ ရဲစခန်းနယ်မြေမှ စခန်းမှူး ရဲအုပ်စိုးမြင့်က ပြောသည်။
ဒေါ်တင်စိန်ပါ မိသားစု ၁၃ ဦးသည် နေအိမ်တွင် ဝင်ရောက်ကျူး ကျော်နေထိုင်ခြင်း၊ ပစ္စည်းဖောက်ထွင်း ခြင်း၊ ဆဲဆိုခြင်းတို့ကြောင့် ဦးသန်းဦးမှ တရားလိုပြုလုပ်ကာ ဇေယျာသီရိရဲစခန်း တွင် မေလ ၂၂ ရက်က ရာဇသတ်ကြီး ပုဒ်မ ၄၅၃၊ ၄၂၇ ၊ ၂၉၄၊ ၁၄၄ဖြင့် အမှု ဖွင့်ထားကြောင်း ရဲအုပ်စိုးမြင့်က ဆိုသည်။

” ကျွန်မတို့ မိသားစု ဈေးသွားဝယ် နေတဲ့အချိန် ဒီလူက လူ ၆ ယောက်နဲ့ ဆိုင်ထဲကို ဝင်လာပြီးဆိုင်ကို ချိတ်ပိတ် လိုက်တယ်။ အလုပ်သမားတွေကို ပြန် ရင်ပြန် မပြန်ရင် ဒီထဲမှာနေဆိုပြီ အထဲ မှာ ဒီအတိုင်းထားတယ်။ ကျွန်မတို့ကို အထဲ ပေးမဝင်ဘူး၊ အဲဒါနဲ့ ပြဿနာတွေ ဖြစ်ပြီး ရဲတွေရောက်လာတယ်။ ဒီနေ့ ရဲတွေလုံခြုံရေးယူထားတယ်။ ဦးသန်းဦး ကိုတော့ ညက ရဲတွေ ခေါ်သွားတယ်” ဟု ဒေါ်တင်စိန်၏ မြေးဖြစ်သူ မချစ်ချစ် ဇော်က ပြောသည်။

ဒေါ်တင်စိန် တရားလိုပြုလုပ်၍ စက်တင်ဘာလက ဦးသန်းဦးအား ရာဇ သတ်ကြီးပုဒ်မ ၁၁၄ ၊ ၄၂၇၊ ၂၉၄^၂၉၅၊ ၄၄၇၊ ၄၅၃ ဖြင့် အမှုဖွင့်လှစ်ထားခြင်း ဖြစ်သည်ဟု မချစ်ချစ်ဇော်က ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဦးသန်းဦးအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။