မြိတ်တွင် လျှပ်စစ်တစ်ယူနစ် ၃၀၀ ကျပ်အောက်အတွက် ခြေလှမ်းပြင်

0
434

ပ် ၃၀၀ အောက် ဈေးနှုန်းဖြင့် လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရန် ကုမ္ပဏီတစ်ခု က ခြေလှမ်းပြင်နေပြီဖြစ်ကြောင်း သိရ သည်။
လက်ရှိ မြိတ်တွင် လျှပ်စစ်မီတာ တစ်ယူနစ် ကျပ် ၃၀၀ ကျော် ဖြစ် သည်။
ကျပ် ၃၀၀ အောက် ဈေးနှုန်းဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးထုတ်လုပ်မည့် အရှေ့တောင် အထွေထွေ စွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီက မေလ ၂ ရက်တွင် မြိတ်မြို့တပ်ပြင်ရပ်ရှိ မင်္ဂလာဘုံကျောင်း တိုက်တွင် ဒေသခံနှင့် အရပ်ဖက် အဖွဲ့ အစည်းတချို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ရှင်းလင်းတင်ပြကြောင်း သိရသည်။

 
” ခွင့်ပြုချက်ရရှိဖို့ တိုင်းအစိုးရထံ တင်ပြထားဆဲဖြစ်ပါတယ်” ဟု ယင်း ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမောင် မောင်မြင့်က ပြောသည်။
ကုမ္ပဏီ၏ စီမံချက်တွင် ပလောက် မြို့နယ်တွင် ၁၅ မဂ္ဂါဝပ်မှ ၂၀ မဂ္ဂါဝပ် အထိထုတ်နိုင်မည့် ရေအားလျှပ်စစ်၊ မြိတ်မြို့ တောထွက်ကြီး တစ်ဖက်ကမ်း တွင် ဆိုလာစနစ်ဖြင့် ၁၅ မဂ္ဂါဝပ်နှင့် အင်းလေးမြိုင်စက်မှုဇုန် အတွင်းတွင် FO (လောင်စာဆီ)ဖြင့် ၂၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် လျာထားကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။

 
လုပ်ကိုင်ခွင့်ရရှိပါက ရရှိပြီး ၆ လအကြာတွင် FO စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည်ဖြစ်ကာ ဒုတိယ အနေဖြင့်ဆိုလာနောက်ဆုံးတွင် ရေအား လျှပ်စစ်တို့ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စီစဉ်ထားကြောင်း ကုမ္ပဏီမှ သိရသည်။” တစ်ခုနဲ့တစ်ခုရောစပ်လိုက်ရင် ဆိုလာဆိုရင် ဆိုလာနဲ့ FO  ရောစပ်ရင် ၂၃၅ ကျပ် လောက်ဖြစ်သွားနိုင်တယ် ရေအားနဲ့ ထပ်ရောရင် ၂၀၀ တန်း လောက် ပြေးနေတယ်”  ဟု ဦးမောင်မောင် မြင့်က ပြောပြသည်။

 
မြိတ်တွင် ပုဂ္ဂလိက လျှစ်စစ်ဓာတ်အား ဖြန့်ဖြူးနေသည့် မီးလင်းရေး လုပ်ငန်း ၉ ခုရှိကြောင်း မြို့နယ်လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေး လုပ်ငန်းထံမှ သိရသည်။