နော်ချစ်ပန်းတိုင် အသတ်ခံရမှု စစ်ဆေးလိုသူများကို ခေါ်ယူစစ်ဆေးခွင့်ပေးရန် KNU တာဝန်ရှိသူများကို ရဲတပ်ဖွဲ့ တောင်းဆို

0
423

နိုဝင်ဘာလ ၁၉ ရက် ညက ထား ဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း သီချင်းဆိုပြိုင်ပွဲ၌ နော်ချစ်ပန်းတိုင် အသတ်ခံရသည့် ကိစ္စအတွက် စစ်ဆေး လိုသူများကို ခေါ်ယူစစ်ဆေးနိုင်ရန် KNU တာဝန်ရှိသူများကို တောင်းဆို ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
အသတ်ခံရသူ နော်ချစ်ပန်းတိုင်နှင့် ပတ်သက်ခဲ့သည့် အသိုင်းအဝိုင်း၊ လူမှု ရေးကိစ္စ ပတ်သက်မှုရှိသူ KNU တပ်ဖွဲ့ ဝင်တစ်ချို့နှင့် KNU နယ်မြေရှိ ရပ်ရွာ များတွင် နေထိုင်သူများကို ခေါ်ယူစစ် ဆေးနိုင်ရန် KNU တာဝန်ရှိသူများနှင့် ပြောဆိုထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးက ဆိုသည်။
ရဲတပ်ဖွဲ့အနေဖြင့် စစ်ဆေးလို သူများကို စစ်ဆေးပြီးမှသာ သုံးသပ်၍ ပြီးပြည့်စုံသည့် ကောက်ချက်ဆွဲနိုင်မည် ဖြစ်ကြောင်း တိုင်းရဲမှူးကြီးက ဆိုသည်။” KNU က အဲဒီလူတွေကို စစ်ဖို့ ပေးလာမယ်ဆိုရင်တော့ ငါတို့ စစ်မယ်၊ မပေးလာဘူးဆိုရင် ငါတို့က သွားဖမ်း လို့ မရဘူး” ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူး ကြီးနေမျိုးက ပြောသည်။
နော်ချစ်ပန်းတိုင် အသတ်ခံရမှုနှင့် ပတ်သက်၍ စစ်ဆေးရန်အတွက်သာ ဖြစ်ပြီး ဖမ်းဆီးရန်မဟုတ်ဟု ၎င်းက ဆို သည်။
ယင်းသကဲ့သို့ စစ်ဆေးရန်အတွက် JMC-S  အစည်းအဝေးတွင် တောင်းဆို ထားမှုရှိပြီး တရားဝင်စာဖြင့် တောင်းဆို လာခြင်း မရှိသေးကြောင်း မြိတ်-ထား ဝယ်ခရိုင် KNU တပ်မဟာ ၄ ဆက်ဆံ ရေးရုံး တာဝန်ခံက ဆိုသည်။ ” အပြန်အလှန် ပူးပေါင်းဆောင် ရွက်ပြီးတော့ အပြန်အလှန် ညှိနှိုင်း ဆွေးနွေးမယ်ဆိုရင်တော့ ညှိနှိုင်း အဆင် ပြေတာပေါ့” ဟု တပ်မဟာ ၄ ဆက်ဆံ ရေးရုံး တာဝန်ခံ ဖဒိုဝင်းခိုင်က ပြောသည်။
KNU တပ်ဖွဲ့အနေဖြင့် ရဲတပ်ဖွဲ့ အလိုရှိနေသည့် တရားခံများကို ဖမ်းဆီး ပေးပြီး ပြန်လည်လွှဲပြောင်းပေးခဲ့သည့် ဖြစ်စဉ်များ ရှိဖူးကြောင်း ၎င်းက ဆိုသည်။နော်ချစ်ပန်းတိုင် အသတ်ခံရမှုနှင့် ပတ်သက်၍ လောလောဆယ်တွင် လူ ၄၀ ကျော်ကို စစ်ဆေးပြီး ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သိရသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် ညက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အား ကစားကွင်းတွင် ကျင်းပသည့် မြန်မာ နိုင်ငံဂီတ အစည်းအရုံး ရန်ပုံငွေ အဆို ပြိုပွဲ ကျင်းပစဉ်တွင် ပြိုင်ပွဲစင်မြင့်နှင့် မလှမ်းမကမ်းတွင် ဓားဖြင့်အထိုးခံရပြီး သေဆုံးခဲ့သည်။
အသတ်ခံခဲ့ရသည့် အသက် ၂၁ နှစ်အရွယ် နော်ချစ်ပန်းတိုင်သည် ထား ဝယ်ဒေသအရေးလှုပ်ရှားသည့် တာက ပေါ အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ ဖူးသူဖြစ်ပြီး အခင်းမဖြစ်ပွားခင် အချိန် ထိတွင် မြေမြုပ်မိုင်း အန္တရာယ် အကြံ ပေးအဖွဲ့ ( MAG )တွင် တာဝန်ထမ်း ဆောင်ခဲ့သည်။