ဆိုင်ကယ်ဦးထုပ် မဆောင်းသူများကို ဆိုင်ကယ်ဦးထုပ်ရောင်း

0
474

မြိတ်မြို့တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းဘဲ မောင်းနှင်သူများကို ဧပြီလ ၂၆ ရက်မှ စတင်ပြီး ဆိုင်ကယ်ဦးထုပ် ရောင်းပြီး ပညာပေး အရေးယူလျက်ရှိ သည်။
ယာဉ်အသွားအလာများသည့် လမ်းဆုံ လမ်းခွများတွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

” ဆိုင်ကယ်ဦးထုပ် မဆောင်းဘဲ မောင်းတဲ့သူတွေကို ဆိုင်ကယ် ဦးထုပ် ရောင်းပေးတဲ့စနစ်နဲ့ ပညာပေးမယ်။ အဲဒီနည်းနဲ့ သက်ရောက်မှု မရှိဘူးဆိုရင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာ ပေး ဗီဒီယိုကို ၄ နာရီကြာ ထိုင်ကြည့် ခိုင်းပြီးမှ ဆိုင်ကယ်ဦးထုပ်ရောင်းပေး မယ်” ဟု ဒု – မြို့နယ် အုပ်ချုပ်ရေးမှူး က ပြောသည်။

ဆိုင်ကယ် ဦးထုပ်မဆောင်းသူများ ကို စတင်ပညာပေးသည့်နေ့တွင် ဆိုင် ကယ် ဦးထုပ်မပါသောဆိုင်ကယ် ၁၀၃ စီးနှင့် နံပါတ်ပြားမပါသော ဆိုင်ကယ် ၁၄ စီး စုစုပေါင်း ၁၁၇ စီးတို့အား ပညာ ပေး အရေးယူနိုင်ခဲ့ကြောင်း အမှတ် (၇၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး (မြိတ်)မှ သိရ သည်။