မြိတ်တွင် ငှက်သိုက်ပေါင်းရည် တစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချသူ များလာ

0
481

မြိတ်တွင် ဒေသထွက်သဘာဝငှက် သိုက်များဖြင့် ငှက်သိုက်ပေါင်းရည် တစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချသူ များလာကြောင်း ငှက်သိုက်ရောင်းချ သူများထံမှ သိရသည်။

မြိတ်ဒေသထွက် သဘာဝငှက် သိုက်ပေါင်းရည်များမှာ သဘာဝအတိုင်း ထုတ်လုပ်ထားပြီး ဓာတုဆေး အရော အနှောကင်း၍ ပြည်ပမှဝင်လာသော ငှက်သိုက်ပေါင်းရည်များထက် ဈေးနှုန်း လည်း သက်သာသည်ဟု မြိတ်မြို့ဘုရား ကြီးလမ်းနေ ငှက်သိုက်ပေါင်းရည် တစ်ပိုင် တစ်နိုင် ထုတ်လုပ်ရောင်းချသူ ဒေါ်ချိုချို ခိုင်က ပြောသည်။

” ငှက်သိုက် ပေါင်းရည်လုပ်ရောင်း တဲ့သူ အရင်က လေး၊ ငါးအိမ်လောက် ပဲ ရှိတယ်။ အခုဆို အိမ် ၅၀ လောက် ကို ရှိတယ်” ဟု ဒေါ်ချိုချိုခိုင်က ပြော သည်။
တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများ မှာ သဘာဝငှက်သိုက်ကုန်ကြမ်းကို တတ်နိုင်သလောက်ဝယ်ယူပြီး ပြန်လည် သန့်စင်ကာ ပေါင်း၍ အသင့်သောက် သုံးနိုင်သည့် ငှက်သိုက်ပေါင်းရည်ဘူး များအဖြစ် ပြန်လည်ထုတ်လုပ်ရောင်းချ ကြကြောင်း သိရသည်။

မြိတ်ဒေသထွက် သဘာဝငှက် သိုက်ပေါင်းရည် တစ်ဗူးလျှင် အရွယ် အစားအလိုက် အနည်းဆုံး ၂၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိရှိကြောင်း ငှက်သိုက် ပေါင်းရည် ထုတ်လုပ်ရောင်းချသူများ ထံမှ သိရသည်။