မြိတ်တွင် နေ့ခင်းကြောင်တောင် ဆွဲကြိုးလုယက်မှု နှစ်ခုဖြစ်

0
650

နေ့ခင်းကြောင်တောင် ဆွဲကြိုး လုယက်မှု နှစ်ခု ဧပြီလ ၁၈ ရက်က မြိတ်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သက် ဆိုင်ရာ ရပ် ^ ကျေးအုပ်ချုပ်ရေးမှူးများထံ မှ သိရသည်။ကလွင်ရပ် တက္ကသိုလ်လမ်း ဓမ္မရုံ နံဘေးတွင် မွန်းလွဲ ၂ နာရီခန့်က အမျိုးသမီး တစ်ဦးထံမှ လော့ကက်သီးပါ ငါးမူးသား ဆွဲကြိုး လုယက်မှု ဖြစ်ပွား ခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးမှ သိရသည်။

လုယက်သူမှာ နောက်ဆုံးပေါ် ဃူငခု ဆိုင်ကယ်အဖြူနှင့် ဆိုင်ကယ် ဦးထုပ် အမဲရောင်ဆောင်းထားကြောင်း ကလွင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ထို့ပြင် မြိတ်တောင်နယ်မြေ မြိတ် တောင်ရပ်ကွက်တွင် မွန်းလွဲ ၂ နာရီခွဲ ခန့်က အမျိုးသမီးတစ်ဦးထံမှ ဆိုင်ကယ် မောင်းနှင်လာသူက ဆွဲကြိုးလုယက် ခဲ့ပြီး ပြန်လုခဲ့သဖြင့် တပိုင်းပြတ် ကျန်ခဲ့ ကြောင်း ယင်းနယ်မြေ အုပ်ချုပ်ရေးမှူး ဦးတင်ဇော်က ပြောပြသည်။” အမျိုးသမီးက ဒူးရင်းသီးဝယ်နေ တုန်း အသိအိမ်လိုက်ရှာတာ မတွေ့တဲ့ ပုံစံနဲ့ နာမည်လာ မေးပြီး လုသွားတာပါ” ဟု အုပ်ချုပ်ရေးမှူး ဦးတင်ဇော်က ပြော သည်။

ယင်းဖြစ်စဉ်နှစ်စုစလုံးတွင် လု ယက်ခံရသူများ၏ ပြောစကားများအရ လုယက်သူမှာ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး တည်းသာဖြစ်နိုင် ကြောင်း ဦးတင်ဇော်က သုံးသပ်သည်။ယခုဖြစ်စဉ်တွင် မြို့ရဲစခန်းက တရားခံဖမ်းမိရေးအတွက် စုံစမ်းဆောင် ရွက်နေကြောင်း ယင်းမြို့ရဲစခန်းမှ သိရ သည်။
ရပ်ကွက်တစ်ချို့ရှိ လူပြတ်သည့် လမ်းကြားများတွင် ယင်းကဲ့သို့ ဆွဲကြိုး၊ ပိုက်ဆံအိတ် လုယက်မှုများကို မကြာ ခဏ ကြားနေရ ကြောင်း မြို့ခံတစ်ချို့က ပြောသည်။

လုယက်သူများသည် နောက်ဆုံးပေါ်မော်တော်ဆိုင်ကယ်စီးထားကာ မျက်နှာပိတ်ပါသည့် ဆိုင်ကယ်ဦးထုပ်ကို ဆောင်းထားပြီး လုယက်လေ့ရှိကြောင်း အုပ်ချုပ်ရေးအသိုင်းအဝိုင်းမှ သိရသည်။နေ့ခင်းဘက် လုယက်မှုများနှင့် ပတ်သက်ပြီး အမျိုးသားနှစ်ဦးအား အမှု ဖွင့်ဖမ်းဆီးခဲ့ဖူးပြီး ပြစ်မှုထင်ရှားသဖြင့် ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်သည်။