မြေသယ်ယာဉ်များ စည်းကမ်းမလိုက်နာမှု မြို့နေ လူထုဝေဖန်

0
560

ထားဝယ်ဒေသတွင်း သယ်ဆောင် သွားလာနေကြသည့် မြေသယ်ယာဉ် များတွင် တာလပတ်များ ဖုံးအုပ် သယ်ဆောင် ရမည်ဟု ညွှန်ကြားထား သော်လည်း မြေသယ်ကားအများစု လိုက်နာမှု မရှိသည့်အပေါ် ဒေသခံ များအကြား ဝေဖန်မှုမြင့်တက်လျက် ရှိ သည်။သဲ၊ ကျောက်နှင့် မြေကြီးများ လမ်းမပေါ် ဖိတ်စင်မှု မရှိစေရန် တာလ ပတ်အထူစများဖြင့် ဖုံးအုပ်သယ် ဆောင်ရမည်ဟု ကြားသိရပြီးနောက် မြေသယ်ယာဉ်အချို့က ရက်အနည်းငယ် သာ လိုက်နာသည်ကို တွေ့ရကြောင်း သောကြာပြင်ရွာနေ စားသောက်ဆိုင် ရောင်းချနေသည့် အသက် ၄၀ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

” ဌာနဆိုင်ရာတွေလည်း လာပြီး ကြပ်မတ်တာ မတွေ့ရဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။သဲ၊ ကျောက်နှင့် မြေကြီးများ ကား ပေါ်မှ ဖိတ်စင်မှုမရှိစေရန်အတွက် တာ လပတ်စဖြင့် ဖုံးအုပ် သယ်ဆောင်ရ မည်ဖြစ်ပြီး လိုက်နာမှုမရှိပါက လမ်းမ ကြီးများ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းဦးစီး ဌာနက တာဝန်ရှိသူတစ်ဦးက မတ်လ ၄ ရက်နေ့တွင် ပြောကြားခဲ့ဖူးသည်။” အမိန့် ထုတ်ထားပြီးပြီဆို ရင် လည်း ထိထိရောက်ရောက် ကြပ်မတ် ပေးစေချင်တယ်၊ ကြပ်မတ်မှုမရှိတော့ အမိန့်ထုတ်ထားလည်း အဓိပ္ပာယ် မရှိဘူး ဖြစ်နေတယ်” ဟု ထားဝယ်မြို့ ဆန်းချီ ရပ်ကွက်မှ ဦးရဲထွဋ်က ပြောသည်။

လက်ရှိအချိန်တွင် မြေသယ်ယာဉ် များက ဖိတ်စဉ်ကျနေသည့် သဲ၊ ကျောက် နှင့် မြေကြီးများကြောင့် ယာဉ်များ ချော် ဖြစ်နိုင်ကာ ယာဉ်မတော်တဆမှုများ ပိုမို ဖြစ်လာနိုင်ကြောင်း ဦးရဲထွဋ်က ဆိုသည်။ထားဝယ်ဒေသနှင့် မြို့တွင်းလမ်း အချို့တွင် စည်းကမ်းမဲ့ သဲ၊ ကျောက်နှင့် မြေသယ်ယာဉ်များပေါ်က ဖိတ်စဉ်ကျန် နေမှုများ ရှိနေသည်။အဆိုပါ စည်းကမ်းမဲ့ မြေသယ် ယာဉ်များကို သက်ဆိုင်သည့် ဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မကြာမီ ရက်ပိုင်းအတွင်း တိတိကျကျ စိစစ် အရေးယူတော့မည်ဖြစ်ကြောင်း အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး က ဆိုသည်။

” စည်းကမ်းမဲ့ မြေသယ်ယာဉ်တွေ ကို ဖမ်းဆီးပြီးသက်ဆိုင်တဲ့ ကဏ္ဍအလိုက် ဥပဒေတွေအတိုင်း အရေးယူ သွားမယ်” ဟု ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကိုကိုက ပြောသည်။စည်းကမ်းမဲ့ မြေသယ်ယာဉ်အများ စုက အရှိန်ပြင်းစွာ မောင်းနှင်နေမှုများ ကြောင့် ယာဉ်တိုက်မှုများ ဖြစ်လာနိုင် ကြောင်း ပြောဆိုနေမှုများရှိသည်။