မြိတ်ကုမ္ပဏီတစ်ခုကို ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ အမျိုးသမီးတစ်ဦး အဖမ်းခံရ

0
425

မြိတ်ဒေသ အခြေစိုက် ပြည့်ဖြိုး ထွန်းကုမ္ပဏီ (PPT) က ကုမ္ပဏီ၏ ဂုဏ်သိက္ခာကျဆင်းစေသည်ဟုဆိုကာ Zar Chi Facebook အမည် ပိုင်ရှင် အမျိုးသမီးကို မတ်လ ၂၀ ရက်က ဆက် သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့် ဖမ်း ဆီးထားကြောင်း ယင်းကုမ္ပဏီနှင့် မြို့မ ရဲစခန်းမှ သိရသည်။

မြိတ်မြို့ ထားဝယ်စုရပ်နေ Zar Chi Facebook အကောင့်ပိုင်ရှင်ဆိုသူက မတ်လ ၁၇ ရက်တွင် ကာကွယ်ရေး ဦးစီးချုပ် သိစေအပ်ပါသည်ခင်ဗျားဟု အစချီကာ PPT ကုမ္ပဏီက သင်္ဘောကြီး ၃ စီးဖြင့် သစ်ခိုးထုတ်နေကြောင်း ပို့စ်တစ်ခု တင် ခဲ့ကြောင်း ကုမ္ပဏီမန်နေဂျာ ဦးဆန်း ထွန်းဝင်းက ပြောသည်။” တင်ထားတဲ့ပို့စ်ကို ပြန်ဖြုတ်ပေး ပါလို့ပြောတာ မဖြုတ်တဲ့အပြင် ထပ်ပြီး တင်ထားတယ်” ဟု မန်နေဂျာ ဦးဆန်း ထွန်းဝင်းက ပြောသည်။ယင်းပို့စ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မူရင်းအကောင့် ဖြစ်သူ တနင်္သာရီသား(SHWELAY) က ရေးသားခဲ့သည့် ပို့စ်ကို Credit ပေး ကာ Zar Chiအကောင့်ပိုင်ရှင်က ပြန် လည်ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း မြို့မ ရဲစခန်း မှတ်တမ်းအရ သိရသည်။

အဆိုပါ ပို့စ်တွင် သင်္ဘောဓာတ်ပုံမှာ PPT ကုမ္ပဏီပိုင်မဟုတ်သဖြင့် ပြန် လည်ဖျက်ပေးပါရန် အသိပေးခဲ့သော် လည်း ဖြုတ်ချခြင်းမရှိသည့်အပြင် ” အမှန်တရားကို လူတွေမြင်နိုင်အောင်လို့ ကိုယ်ကပဲ အမုန်းခံပြီး ကိုယ်ရဲ့ဒေသ တနင်္သာရီကို တတ်နိုင်တဲ့ဘက်ကနေ ကာကွယ်ပေးနိုင်တဲ့ အုတ်တစ်ချပ် သဲတစ် ပွင့်ဖြစ်ချင်လို့ပါ” ဟု စာသားပါပို့စ်ကို ထပ်မံတင်ခဲ့ကြောင်း PPT ကုမ္ပဏီနှင့် ရဲစခန်းထံမှ သိရသည်။ယင်းအတွက်ကြောင့် ကုမ္ပဏီ ဘက် က အမှုဖွင့်တရားစွဲဆိုလာခြင်းဖြစ်သည်။

” သစ်လုံးတင် သင်္ဘောတွေက ကုမ္ပဏီနဲ့ဘာမှမဆိုင်ပါဘူး ဘာမှလည်း မပတ်သက်ပါဘူး” ဟု ဦးဆန်းထွန်းဝင်း က ပြောပြသည်။
အမှုဖွင့်သည့် နေ့တွင်ပင် Zar Chi အမည်ရှင် အမျိုးသမီးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ” တင်ထားတဲ့ပို့စ်တွေကို ပြန်ဖြုတ် ပေးလိုက်ပြီးပါပြီ။ မိသားစုဝင်တွေက လည်း ကုမ္ပဏီပိုင်ရှင်ဦးလှသန်းကို နှစ် ကြိမ်တိုင် သွားရောက်တောင်းပန်ပြီးပါပြီ” ဟု အမှုဖွင့်ခံထားရသူ Zar Chi အကောင့် ပိုင်ရှင်၏ မိသားစုဝင်တစ်ဦးက ပြောပြ သည်။

ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ကုမ္ပဏီပိုင်ရှင်ကိုလည်း မသိ ကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်က ဆိုသည်။ “တောင်းလည်း တောင်းပန်ထား တယ်။ ရည်ရွယ်ချက်မရှိဘဲ တင်တဲ့ ပို့စ် တစ်ခုဖြစ်နေတဲ့အတွက် ပြန်လွှတ်ပေး စေချင်တယ်” ဟု ၎င်းက ပြောသည်။အဆိုပါ ပြည့်ဖြိုးထွန်းကုမ္ပဏီသည် ၂၀၁၄ ခုနှစ်ကတည်းက ပြည်ပသို့သစ် အလုံးလိုက်တင်ပို့ခြင်းအား ရပ်နားထား ပြီးဖြစ်ကာ လက်ရှိတွင် သစ်ခွဲသား အချောထည်များကိုသာလျှင် ဂျပန်နိုင်ငံ သို့ တင်ပို့ ရောင်းချနေကြောင်း ယင်း ကုမ္ပဏီမှ သိရသည်။

လက်ရှိတွင် ကုမ္ပဏီ၏ သင်္ဘော မဟုတ်သောဓာတ်ပုံကို အသုံးပြုပြီး ဂုဏ် သိက္ခာကျဆင်းစေရန် အသရေဖျက်ခြင်း၊ မဟုတ်မမှန်သတင်းရေးသားခြင်း၊ ကုမ္ပဏီ ၏ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်နှေး ခြင်း၊ ဌာနဆိုင်ရာများကို ပုတ်ခတ်စော် ကား ရေးသားခြင်းစသည့် ပြစ်မှုများကို ကျူးလွန်ခဲ့သည်ဟု ဆိုကာ ဇမေ ဃ့င အကောင့်ပိုင်ရှင် မဇာခြည်ဦး (ခ) တရုတ်မ ကို (ပ)၆၀၉/၂၀၁၇၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်ထားကြောင်း မြို့မရဲစခန်း ထံမှ သိရသည်။