အလွတ်တန်း ခရီးကြမ်း စက်ဘီးပြိုင်ပွဲဝင် စာရင်းလက်ခံ

0
385

ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျင်းပမည့် အလွတ်တန်း ခရီးကြမ်း ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် စာရင်းများကို စတင်လက်ခံနေပြီး သက်ဆိုင်ရာ မြို့နယ်များတွင် စာရင်းပေး သွင်းနိုင် ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။


ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက် တွင် ထားဝယ် တက္ကသိုလ်ဝင်းအတွင်း ကျင်းပမည်ဖြစ်ရာ တနင်္သာရီတိုင်း အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်စလုံးမှ မြန်မာ့လက်ရွေးစင် စက်ဘီးစီးသမားမှ လွဲ၍ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင် ကြောင်း တိုင်းအား/ကာမှ သိရသည်။

 
” ၁၀ မြို့နယ်စလုံးက ကစား သမားတွေ လာပြိုင်နိုင်တယ်လို့ ဖိတ် ခေါ်ထားပါတယ်” ဟု တိုင်းအား/ကာမှ တိုင်းဦးစီးမှူး ဦးစိုးမိုးနိုင်က ပြောသည်။အလွတ်တန်း ခရီးကြမ်း စက်ဘီး စီးပြိုင်ပွဲကို တိုင်းအား^ကာ နှင့် Dတေနင ငြုန ဗျသခငအေငသည တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။