မိဘမဲ့ကလေးများ ရန်ပုံငွေအတွက် မောင်းမကန်တွင် မီးအက ကပြမည်

0
491

မိဘမဲ့ကလေးများ ရန်ပုံငွေအတွက် ထိုင်းနိုင်ငံရောက် ထားဝယ်သား ဆပ်ကပ်အဖွဲ့မှ မီးအက ကပြ မည်ဖြစ်ကြောင်း ယင်းအဖွဲ့နှင့် ချိတ်ဆက်ကာ ပွဲစီစဉ်ပေးသည့် ထားဝယ်တက်ကြွလူငယ် အဖွဲ့ထံမှ သိရသည်။


ဖေဖော်ဝါရီလ ၁၄ ရက် ည ၇ နာရီတွင် မောင်းမကန်ကမ်းခြေ၌ ထိုင်းနိုင်ငံရှိ နာမည်ကျော် ဆပ်ကပ် အဖွဲ့တစ်ခုဖြစ်သည့် Samui Circus  အဖွဲ့က လာရောက်ကပြမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။” အဲဒီအဖွဲ့မှာ ပါတဲ့သူတွေက ထားဝယ်သားတွေပဲ ဖြစ်တယ်။ ဒီလိုမျိုး ပွဲကို ထားဝယ်မှာ တစ်ခါမှ မလုပ်ဖူးသေးဘူး အမိမြေမှာလည်း ပြန်လုပ်ချင်ကြတယ်” ဟု ထားဝယ်တက်ကြွ လူငယ်အဖွဲ့မှ ကိုဝေဖြိုးက ပြောသည်။

 
ဖေဖော်ဝါရီလ ၁၅ ရက် ည တွင်လည်း ထားဝယ်မြို့ပေါ်တွင် က ပြမည်ဖြစ်ပြီး လက်ရှိအချိန်အထိ ကပြမည့်နေရာ မသတ်မှတ်ရသေးကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲမှ ရရှိသည့် အလှူငွေများကို ထားဝယ်မြို့ရှိ မိဘမဲ့ကလေးများအား စာသင်ကြားပေးနေသည့် ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း (ဘ/က)များသို့ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။