ဆောက်လုပ်ရေးကုမ္ပဏီ အများဆုံး မှတ်ပုံတင်

0
428

ကုမ္ပဏီအသစ် တည်ထောင်ရန် လာရောက် မှတ်ပုံတင်ကြသည့် ကုမ္ပဏီ အသစ်များအနက် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်မည့် ကုမ္ပဏီအများဆုံး ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှု ဦးစီးဌာနထံမှ သိရသည်။


၂၀၁၆ ခုနှစ် မတ်လမှ ၂၀၁၇ ခုနှစ် လက်ရှိအချိန်ထိ အထက်ပါဌာန တွင် ကုမ္ပဏီ အသစ် ၈၂ ခု လာရောက် မှတ်ပုံတင်ခဲ့ကြပြီး ဆောက်လုပ်ရေး ကုမ္ပဏီ ၄၀ ခန့် ပါဝင်ကြောင်း သိရ သည်။” ဒီစာရင်းက ရုံးချုပ်မှာ သွားပြီး မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေ မပါသေး ဘူး” ဟု တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွန်းထွန်းက ပြောသည်။

 
ကုမ္ပဏီအသစ် မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ကြေးကျပ် ၅ သိန်းနှင့် တံဆိပ် ခေါင်းခွန် ၁၆၅၀၀၀ကျပ် ကျသင့်ပြီး ပုံမှန်အားဖြင့် ၂ ရက်ခန့် ကြာမြင့်ကြောင်း တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။တနင်္သာရီတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လက စတင်ဖွင့်လှစ်ခဲ့ကြောင်း ယင်း ဌာနထံမှ သိရသည်။