ဆီဆွမ်းလောင်းပွဲနှင့် ဦးရှင်ကြီးတင်ပွဲ ပြုလုပ်မည်

0
518

ထားဝယ်မြို့ ဆင်ပုနစ် ရပ်ကွက် တွင် ၇၀ ကြိမ်မြောက် ဆီဆွမ်း လောင်း ပွဲနှင့် ဦးရှင်ကြီးတင်ပွဲ ပြုလုပ်မည်ဖြစ် ကြောင်း ဆင်ပုနစ် ရပ်ကွက် ရပ်မိ၊ ရပ်ဖ အချို့ထံမှ သိရသည်။


ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီ တွင် ဝါးနှင့် ကြံပင်များဖြင့် တည် ဆောက်ထားသည့် ဦးရှင်ကြီးတင်သည့် စင်ဖြင့် ပူဇော်ပသ ပွဲပြုလုပ်မည်ဖြစ်ပြီး ဇန်နဝါရီလ ၁၅ မနက် ၇ နာရီတွင် သံဃာတော် ၆၇ ပါးကို ဆီဆွမ်း လောင်းလှူမည် ဖြစ်ကြောင်း သိရသည်။

 
ဆင်ပုနစ်ရပ်ကွက်တွင် ပြုလုပ် သည့် ဦးရှင်ကြီးတင်ပွဲမှာ ရပ်ကွက် အနီးတစ်ဝိုက်တွင် ထင်ရှား စည်ကား သည့် ရိုးရာပွဲတစ်ခု ဖြစ်သည်။