ဝါးအလယ်ကျွန်းတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်မည်

0
444

ဘုတ်ပြင်းမြို့နယ် လန်းပိအဏ္ဏဝါ အမျိုးသားဥယျာဉ် ဧရိယာရှိ ဝါးအလယ် ကျွန်းပေါ်တွင် သဘာဝအခြေခံ အပန်း ဖြေခရီးသွား လုပ်ငန်းလုပ်ကိုင်သွားမည် ဖြစ်ကြောင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရ Benchmade Asia (Myanmar) ကုမ္ပဏီအထွေအထွေမန်နေဂျာ ဦးအောင် ဇင်လတ်က ပြောသည်။


အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံမည့် ယင်းစီမံကိန်းတွင် အဆောက်အဦများကို အိမ်အဟောင်း၊ ရုံးအဟောင်း ဖျက်ထားသည့် သစ် အဟောင်းများ ဝယ်ယူစုဆောင်ပြီးမှသာ ဆောက်လုပ်သွားမည်ဟု ဦးအောင် ဇင်လတ်က ပြောသည်။
၂၀၁၈ ဇန်နဝါရီလ အပြီး အကောင် အထည်ဖော်မည်ဖြစ်ပြီး ကျွန်းအကျယ် အဝန်းမှာ ၃၉၃၄ ဧကရှိကြောင်း သိရ သည်။