အရှိန်နှုန်း သတိပေးဆိုင်းဘုတ် တစ်ရာခန့် တပ်ဆင်မည်

0
457

တိုင်းအတွင်းရှိ မြို့တွင်း မြို့ပြင် လမ်းပိုင်းများတွင် အရှိန်နှုန်း သတိပေး ဆိုင်းဘုတ် ၁၀၀ ခန့်ကို လာမည့် ၂၀၁၇ ခုနှစ် မတ်လအပြီး တပ်ဆင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။


တိုင်းအတွင်းရှိ မြို့တွင်း လူအသွား အလာများသည့် လမ်းများတွင် တစ်နာရီ လျှင် ၂၅ ကီလိုမီတာနှင့် လူရှင်းသည့် (မြို့ပတ်လမ်းကဲ့သို့) နေရာများတွင် ၄၀ ကီလိုမီတာ သတ်မှတ်ထားပြီး မြို့ပြင် ဟိုင်းဝေးလမ်းများတွင် လမ်းအခြေအနေ ပေါ်မူတည်ကာ ၆၀ ကီလိုမီတာမှ ၈၀ ကီလိုမီတာအထိ သတ်မှတ်သွားမည် ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသ ကြီး ညွှန်ကြားရေးမှူးက ဆိုသည်။
” ယာဉ်မောင်းတဲ့သူတွေ မောင်းလို့ ရမယ့် အမြန်နှုန်းကို သိစေချင်လို့ပါ”  ဟု လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။
တိုင်းအတွင်းရှိ မြို့ကြီးအချို့တွင် ဆိုင်ကယ်စီးသူအချို့က စည်းကမ်းမဲ့ အရှိန်ပြင်းမောင်းနှင်မှုများကြောင့် ယာဉ် တိုက်မှုများတစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့် တက်လျက်ရှိသည်။