ရေဖြူလှေပြိုင်ပွဲ ပြိုင်ပွဲဝင် အသင်းပေါင်း ၃၀ ကျော်ပြိုင်မည်

0
379

ရေဖြူမြို့နယ်တွင် ကျင်းပမည့် မြန်မာ့ရိုးရာ ဖိတ်ခေါ်လှေလှော်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်းပေါင်း ၃၀ ကျော် ဝင်ပြိုင်ရန် စာရင်းပေးထားကြောင်း ပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။

၆၉ နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကို ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာ အသီး သီးမှ အမျိုးသား ၉ တက် ၁၁ သင်း၊ အမျိုးသား ၇ တက် ၁၇ သင်း၊ အမျိုးသမီး ၇ တက် ၄ သင်း စုစုပေါင်း ၃၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ် ကြောင်း ယင်းကော်မတီထံမှ သိရသည်။
” ထားဝယ်၊ လောင်းလုံး၊ သရက် ချောင်းက ရွာတွေကိုလည်း ဖိတ်ထား ပါတယ်။ ဒါပေမယ့် အခုထိတော့ စာရင်း ပို့မလာသေးဘူး။ နောက်ကျမှ စာရင်းရောက်လာရင်တော့ အထူးပွဲ အနေနဲ့ စီစဉ်ပေးမယ်” ဟု ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင်လည်း ဖြစ် သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး ကျော်မိုးက ပြောသည်။

လှေလှော်ပြိုင်ပွဲကို ဇန်နဝါရီလ ၃ နှင့် ၄ ရက်တို့တွင် ရေဖြူမြို့နယ်ရှိ ထားဝယ်မြစ်အတွင်း ကူးတို့ဆိပ်နှင့် မြစ်ကူးတံတား နေရာအကြားတွင် ယှဉ် ပြိုင်မည်ဖြစ်ပြီး အချိန်မှာမူ ရေအတက် အကျ အပေါ်မူတည်ကြောင်း ၎င်းက ဆိုသည်။ယင်းလှေလှော်ပြိုင်ပွဲကို အစဉ် အလာကို ထိန်းသိမ်းသည့် အနေဖြင့် ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများ စုပေါင်းကာ စီစဉ် ခြင်းဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

ရေဖြူမြို့နယ်တွင် လှေလှော် ပြိုင်ပွဲကို ၁၉၈၈ ခုနစ်မတိုင်မီက လွတ် လပ်ရေးနေ့တိုင်းကျင်းပခဲ့ပြီးနောက် ၂၀၀၀ခုနှစ်၊ ၂၀၁၅ ခုနှစ်တို့တွင် ကျင်းပ ခဲ့သည်။