ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်ဖြင့် ဆိုင်ကယ်မစီးရ

0
433

ဆိုင်ကယ်စီးနင်းရာတွင် လုံခြုံ စိတ်ချရမှု မရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ဦးထုပ်ဆောင်းပါက လာ မည့် ဇန်နဝါရီလမှစတင် ဖမ်းဆီးသွား မည်ဖြစ်ကြောင်း အမှတ်(၁၁)ယာဉ်ထိန်း ရဲ ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ) ထံမှ သိရသည်။

ယာဉ်တိုက်မှုလျော့ကျစေရန်နှင့် ထိခိုက်သေဆုံးမှု နည်းပါးစေရန် ဒီဇင် ဘာလ ၉ ရက်နေ့ကစပြီး ဆိုင်ကယ်စီး ဦးထုပ် မဆောင်းသူများနှင့် နံပတ်ပြား မပါသူများကို စတင်စစ်ဆေးအရေးယူ လျက်ရှိပြီးနောက် ထိုအစီအစဉ်ပေါ် လာခြင်းဖြစ်သည်။
ဘေးကင်းလုံခြုံတဲ့ ဦးထုပ်ဆောင်း တာက ဖြစ်လာရင်လည်း ထိခိုက်မှုနည်း စေတယ် ဟု အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆိုင်ကယ်စီးနင်းရာတွင် ဦးထုပ် မဆောင်းသူများကို ရေရှည်စီမံချက်ဖြင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖမ်းသင့်နေတာကတော့ ကြာပြီ၊ ဒီဦးထုပ်တွေက အာမခံချက် လုံးဝမရှိ ဘူး ဟု ထားဝယ်မြို့နေ ကိုဟိန်းအာ ကာက ပြောသည်။ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်များမှာ ယာဉ်တိုက်မှုဖြစ်ပါက ဦးခေါင်းကို ကာကွယ်ပေးနိုင်ခြင်း မရှိ သည့်အတွက် လုံးဝမဆောင်းသင့်ကြောင်း ကိုဟိန်းအာကာက ဆိုသည်။

ယာဉ်ထိန်းရဲများ ဆိုင်ကယ်ဦးထုပ် မဆောင်းသူများကို ဖမ်းဆီးအရေး ယူခြင်းကို ကြိုဆိုသော်လည်း အကြမ်း ဖက် ဖမ်းဆီးခြင်းမျိုးကို ရှောင်ကြဉ် သင့်ကြောင်း ၎င်းကဆိုသည်။ယင်းအပြင်ညဘက်တွင် အရှိန် ပြင်းမောင်းနှင်ခြင်း၊ အိတ်ဇောဖွင့်မောင်း နှင်ခြင်း အစရှိသည့် စည်းကမ်းမဲ့ မောင်း နှင်သူများကို အဖွဲ့များခွဲကာ ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ)မှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဦးထုပ် မဆောင်းခြင်း၊ နံပတ်ပြားမတပ်ခြင်း အစရှိသည့် စည်းကမ်းပျက် ဆိုင်ကယ် ၆၅ စီး ဖမ်းမိခဲ့ပြီး ၂၀၁၅ ခုနှစ် မော် တော်ယာဉ်ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ)ထံမှ သိရသည်။