ဆယ်တန်းကျောင်းသူတစ်ဦးလောက်သေဆေး သောက်သေဆုံး

0
706

လောင်းလုံးမြို့နယ် မောင်းမကန် အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင် တန်းတက်နေသော ကျောင်းသူတစ်ဦး သည် ကြမ်းပိုးသတ်ရန် ဝယ်ထားသည့် လောက်သေဆေးသောက်ပြီး သေဆုံးခဲ့ ကြောင်းမောင်းမကန် နယ်မြေရဲစခန်းထံမှ သိရသည်။


အသက် ၁၆ နှစ်အရွယ်ရှိ အဆိုပါ ကျောင်းသူသည် ဒီဇင်ဘာ ၈ ရက်နေ့ နံနက်က မိဘများမရှိခိုက် လောက်သေ ဆေးသောက်ပြီး သတိလစ်နေသည်ကို ညီမဖြစ်သူကတွေ့မိရာက မိဘများကို ပြေးခေါ်ကာ မောင်းမကန်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်းဆေးရုံ အရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း  ရဲမှတ်တမ်းအရ သိရသည်။
ဆေးသောက်မသေဆုံးမီ ဒီဇင်ဘာ ၇ ရက် ညနေတွင်ဖခင်ကသူ၏အိပ်ကပ် ထဲမှ ငွေ တစ်သောင်းကျပ် ပျောက်ဆုံး သဖြင့် အထက ကျောင်း၌ ညအိပ်စာကျက်နေသောယင်းကျောင်းသူအား လိုက်လံ မေးမြန်းခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။
ယင်းကျောင်းသူသည် အိမ်တွင်းရေး ကိစ္စများကြောင့် အမြဲတစေ မှိုင်တွေနေ လေ့ရှိပြီး ဖခင်ငွေပျောက်ချိန် ဆူပူကြိမ်း မောင်းခံရမည်ကိုထိတ်လန့်ကာ လုပ်မိ လုပ်ရာလုပ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု မောင်းမကန်ရွာသားအချို့က သုံးသပ် ပြောဆိုကြသည်။

 
သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်၊မဟုတ် သိရှိ နိုင်ရန် မောင်းမကန်နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယင်း ရဲစခန်းထံမှသိရသည်။