ဘုတ်ကျွန်း လည်ပတ်ခွင့် အဖြေ မကြာမီသိရမည်

0
335

ထားဝယ်ခရိုင်အတွင်း လွန်ခဲ့သည့် နှစ်က နာမည်ကြီးလာခဲ့သည့်  ဘုတ် ကျွန်းသို့ ပြန်လည် သွားလာလည်ပတ်ခွင့် ပြု၊  မပြုကို မကြာမီ သိရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး က ပြောသည်။


ဘုတ်ကျွန်းရှိ ကမ်းခြေ ၂ နေရာသို့ သွားလာ လည်ပတ်ခွင့်ရစေရန် ပြည် ထောင်စုအစိုးရထံ  တင်ပြသွားမည် ဖြစ် ပြီး ပြည်ထောင်စုကလည်း သွားခွင့်ပြု၊ မပြုကို အမြန်ဆုံး အကြောင်းပြန်လိမ့် မည်ဖြစ်ကြောင်း တိုင်းဒေသကြီး သယံ ဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။

 
” တင်လိုက်ပြီဆိုရင် အကြောင်းပြန် တာ မြန်လိမ့်မယ်၊ သွားခွင့်ပြု၊ မပြုပေါ့”  ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
ပြည်ထောင်စုအစိုးရထံ မည်သည့် ရက်တွင် တင်ပြသွားမည်ဆိုသည်ကိုမူ ဝန်ကြီးက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်ကလောင်းလုံးမြို့နယ် အုပ်ချုပ်ရေး မှူး အပါအဝင် သက်ဆိုင်ရာဌာနများ ပါဝင်သည့် အဖွဲ့က ဘုတ်ကျွန်းကို သွားကြည့်ခဲ့ပြီး တိုင်းဒေသကြီး အစိုး ရထံ အစီရင်ခံစာတင်ပြထားကြောင်း ထားဝယ်ခရိုင် ဟိုတယ် ^ ခရီးမှ တာဝန် ရှိ သူတစ်ဦး ကဆိုသည်။

 
” ဒီဒေသမှ လည်ပတ်စရာဆိုလို့ ဒီကျွန်းလေး တစ်ခုပဲရှိတာ၊ သွားခွင့် မရဘူးဆိုရင် ခရီးသွားကုမ္ပဏီတွေ အလုပ် အကိုင် အခွင့်အလမ်း ဆုံးရှုံး သွားမှာ” ဟု အဆိုပါခရိုင် ဟိုတယ် ^ ခရီး တာဝန် ရှိသူ ကပြောသည်။ပြီးခဲ့သည့် ခရီးသွားရာသီက ခရီး သည်အများဆုံး လာရောက်လည်ပတ်ခဲ့ သည့် လောင်းလုံးဘုတ်ကျွန်းသို့ ဧပြီလ ကစပြီး သွားလာခွင့် ပိတ်ထားခဲ့သည်။