ကော့သောင်းစည်ပင်မှ အမှိုက်ပုံး အလုံး ၅၀ ချထားမည်

0
528

ကော့သောင်းမြို့တွင်း မြို့လူစည် ကားရာ နေရာများတွင် အမိုက်ပုံး အလုံး ၅၀ ကို ချထားမည်ဟု ကော့သောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သိရ သည်။


စက်တင်ဘာလအတွင်း အမိုက်ပုံး ငယ် ၁၀လုံးချထားခဲ့ပြီး အောက်တိုဘာ လတွင် ကျန်အမှိုက်ပုံးအလုံး ၄၀ ကို မြို့အနှံ့ ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 
လမ်းသွားလမ်းလာများ အသေး စားအမှိုက်များ စွန့်ပစ်နိုင်ရန် ယင်းသို့ ချထားခြင်းဖြစ်ကြောင်း ကော့သောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှု ဆောင်အရာရှိက ပြောသည်။

 
အောက်တိုဘာ ၂ ရက်က  အဏ္ဏဝါ ရပ်ကွက် ဆိပ်ကမ်းသာပန်းခြံတွင် ချ ထားသည့် အမှိုက်ပုံးတစ်လုံး ဖျက်ဆီးခံ ခဲ့ရသည်။