ကမ်းနားပန်းခြံ ပြန်ဆောက်မည်

0
399

လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် ထားဝယ်မြို့ရှိ ကမ်းနားပန်း ခြံအား ပန်းခြံအင်္ဂါရပ်များနှင့် ညီစေရန် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာ ယာရေးအဖွဲ့ထံမှ သိရသည်။
seik_kan_thar_parkယခုနှစ်တွင် ရလာသည့် ဘတ် ဂျက်များအား လမ်း၊တံတား ကိစ္စများ တွင် ဦးစားပေး သုံးစွဲနေရသည့်အတွက် လက်ရှိ အချိန်တွင် မြေရှင်းလင်းမှုများသာ လုပ်ဆောင်နိုင်သေးကြောင်း ထားဝယ် စည်ပင်မှ တာဝန်ရှိသူတစ်ဦးက ဆို သည်။
လာမည့်နှစ်တွင် မြက်စိုက်ခြင်း၊ ပန်းပင်များ စိုက်ခြင်း၊   လျှောက်လမ်းများ ပြုလုပ်ခြင်းနှင့်      ကလေးများ ကစားရန် ဒန်းများပြုလုပ်ခြင်း အစရှိသည်များ ပြန် လည်လုပ်ရန် အစီအစဉ်ရှိကြောင်း ၎င်း က ဆိုသည်။

 
ထားဝယ်မြို့တွင် ပန်းခြံကဲ့သို့သော အပန်းဖြေမည့်နေရာများ အလွန်နည်းပါး နေကာ ကမ်းနားပန်းခြံပြန်လည် ပြင် ဆင်မည်ဆိုပါက မြို့သူမြို့သားများ လက်ခံကြိုဆိုကြမည်ဖြစ်ကြောင်း ထား ဝယ်မြို့မှ ကိုလှသိန်းက ပြောသည်။” ဒီမှာက အပန်းဖြေတဲ့နေရာဆိုလို့ ကလေးကစားကွင်းတစ်ခုပဲ ရှိတာ၊ ပန်းခြံတွေဒီထက်မက ပိုပြီး ရှိသင့် တယ်” ဟု ကိုလှသိန်းက ဆိုသည်။

 
လက်ရှိအချိန်တွင် ထားဝယ်မြို့၌ ရွှေဝယ်သီရိ ကလေးကစားကွင်း၊ တိုင်း ရင်းသားပန်းခြံ၊ပျိုးခြံအဖြစ် အသုံးပြုနေ သည့် ဗထူးပန်းခြံများသာရှိပြီး ပန်းခြံ များမှာ အကျယ်အဝန်းကျဉ်းမြောင်းခြင်း နှင့် နေရာထိုင်ခင်းများ အားနည်းနေဆဲ ဖြစ်သည်။