ထားဝယ် အဝေးပြေးကားဝင်းအတွက် နေရာသစ် ရှာမည်

0
409
ချုင့်ခွက်များ၊ အင်းအိုင်များ ဖြစ်ထွန်းနေမှုကြောင့် လကမ္ဘာ အဝေးပြေးဝင်းဟု ခေါ်သည်။ ဓာတ်ပုံ - Dawei Watch

ပျက်စီး ယိုယွင်းမှုများကြောင့် လကမ္ဘာဟု ဒေသခံများက တင်စားခေါ် သည့် ထားဝယ်အဝေးပြေးကားဝင်းအား ပြန်မပြင်တော့ဘဲ နေရာသစ်တွင် ကား ဝင်းအသစ် တည်ဆောက်မည်ဟု တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။


လက်ရှိ အဝေးပြေးကွင်းဧရိယာတွင် တပ်မတော်ပိုင်မြေအချို့ပါဝင်နေပြီး ပြည်ထောင်စု အစိုးရထံတင်ပြထားရာ အဝေးပြေး ကားကွင်းနှင့် လေယာဉ် ကွင်းနီးကပ်စွာရှိ၍ မရဟူသည့် အကြောင်း ပြချက်ဖြင့် တပ်မတော်မှ မစွန့်လွှတ် သည့်အတွက် ယင်းသို့ ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် ဇွန်လက အဆိုပါ အဝေးပြေးဝင်းအား ဧက ၂၀ အထိ တိုးချဲ့ပြီး အဆင့်မြှင့်တင်မည်ဟု တိုင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့ဖူး သည်။

 
” အချိန်ကန့်သတ်ချက်တော့ မရှိ ဘူး၊ မရှိခင်စပ်ကြားတော့ အခုကားဝင်း မှာပဲ လုပ်ရဦးမှာပေါ့ ” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။အဝေးပြေး ကားဝင်းတည်ဆောက် ရန် အဆိုပြုသည့် ကုမ္ပဏီသည် ကိုယ် တိုင်မြေနေရာ  ရှာရမည်ဖြစ်ပြီး တိုင်း အစိုးရမှ မြေပေးမည်မဟုတ်ဟု ဝန်ကြီး ချုပ်က ပြောသည်။လက်ရှိတွင် အဝေးပြေးကားဝင်း တည်ဆောက်ရန် ကုမ္ပဏီတစ်ခုက အဆို ပြုထားကြောင်း သိရသည်။

 
တနင်္သာရီတိုင်း၏ မြို့တော်ဖြစ် သည့် ထားဝယ်မြို့၏ အဝေးပြေးကား ဝင်းမှာ ပြီးခဲ့သည့် အစိုးရအဆက်ဆက်က ပြုပြင်မှုမရှိဘဲ ပျက်စီးယိုယွင်းနေသဖြင့် ဒေသပုံရိပ်အား ထိခိုက်စေကြောင်း ပြည်သူများအကြားတွင် ဝေဖန်မှု မြင့် တက်လျက် ရှိသည်။

 

ချုင့်ခွက်များ၊ အင်းအိုင်များ ဖြစ်ထွန်းနေမှုကြောင့် လကမ္ဘာ အဝေးပြေးဝင်းဟု ခေါ်သည်။ ဓာတ်ပုံ - Dawei Watch