ရပ်/ ကျေး အုပ်ချုပ်ရေးမှူး၏အသံ ဟန့်တားမှု မြို့နယ်အုပ်ချုပ်ရေးမှူး များကို တနင်္သာရီဝန်ကြီးချုပ် သတိပေး

0
620

ရပ်  /ကျေးအုပ်ချုပ်ရေးမှူးများ၏ အစိုးရအဖွဲ့ထံ ပြောစကား၊ တင်ပြချက် များကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးမှူးများက ဟန့်တားစရာမလိုကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က သတိပေး ပြောကြားလိုက်သည်။


လက်ရှိအစိုးရသည် ပြည်သူအကျိုး စီးပွားကို ဖော်ဆောင်နေသည့် အစိုးရဖြစ် သည့်အတွက် ရပ် /ကျေးအုပ်ချုပ်ရေးမှူး များ၏ ပြောစကားများကို အထက် အဆင့်ဆင့်မှ ယင်းကဲ့သို့ ဟန့်တားနေ ခြင်းကို လုံးဝလက်မခံနိုင်ကြောင်း တိုင်း ဒေသကြီးဝန်ကြီးချုပ်က ဆိုသည်။ဝန်ကြီးချုပ်၏ မေတ္တာမြို့ ခရီး စဉ်တွင် ရေနောက်ကျိနေခြင်းနှင့် ပတ် သက်ပြီး တင်ပြခဲ့မှုအပေါ် မြို့နယ် အုပ် ချုပ်ရေးမှူးက ရပ် /ကျေးအုပ်ချုပ်ရေးမှူး အား ပြစ်တင် ကြိမ်းမောင်းခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

photos_div_gov
” ရပ် /ေ ကျး အုပ်ချုပ်ရေးမှူးတွေ ရှေ့ဆက်ပြောရမယ့် ပါးစပ်ကို ပိတ် သွားအောင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေ က ဟန့်တားပါတယ်။ ကျွန်မလုံးဝ မကြိုက်ပါဘူးရှင်” ဟု ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။ရပ် /ကျေးအုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များ မှားသည်မှန်သည်ကို အစိုးရအဖွဲ့မှ ဆုံးဖြတ်မည်ဖြစ်ပြီး လိုက် လံဟန့်တားစရာ မလိုကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ရပ်^ကျေးအုပ်ချုပ်ရေးမှူးများ လွတ် လွတ်လပ်လပ် တင်ပြနိုင်ရန် တိုင်းဒေသ ကြီးအဆင့် အာဏာပိုင်များ မပါဝင်ဘဲ အစိုးရအဖွဲ့ဝင်များနှင့် သီးသန့်တွေ့ဆုံခဲ့ သေးသည်။

 
ထားဝယ်မြို့နယ်တွင်မူ ရပ် /ကျေး အုပ်ချုပ်ရေးမှူးများမှ အစိုးရအဖွဲ့အပေါ် တင်ပြခြင်းနှင့် ပတ်သက်၍ ဖိအားပေး ခြင်းမျိုးမရှိဘဲ နယ်မြို့အချို့တွင် ရှိနေ နိုင်ကြောင်း ထားဝယ်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။
ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းကို ကြိုဆိုရမည်ဖြစ်ပြီး ဝန်ကြီးချုပ်က ရဲရဲရင့်ရင့် တင်ပြရန်ပြောဆိုသော်လည်း ရပ်^ကျေးအုပ်ချုပ်ရေးမှူးအချို့မှာမူ ပြီးခဲ့သည့်ခေတ်က ဖိအားအနေအထား များကြောင့် တင်ပြရဲဦးမည်မဟုတ် ကြောင်း ထားဝယ်မြို့ခံ ဦးသန်းဝင်းက ဆိုသည်။
” ဒီစကားက တကယ့်ကို ကြိုဆို ရမယ့် စကားပါ ” ဟု ဦးသန်းဝင်းက ပြောသည်။
ထားဝယ်ဒေသ လေးမြို့နယ်မှ ရပ် /ကျေး အုပ်ချုပ်ရေးမှူးများနှင့် တွေ့ ဆုံရာတွင် မိမိရပ်ကွက် / ကျေးရွာ အ တွင်းရှိ နှစ်လုံး၊ သုံးလုံး ချဲဒိုင်နှင့် ဘော လုံးပွဲဒိုင်များစာရင်းကို ဝန်ကြီးချုပ်ထံ တိုက်ရိုက်ပေးပို့ရန် ဝန်ကြီးချုပ်က ညွှန် ကြားထားသည်။