ကမ်းဇော်တောများ ထိန်းသိမ်းခွင့်ပေးရန် ဒေသခံများတောင်းဆို

0
434

မြန်မာ့ တိုင်းရင်းဆေးအဖြစ်အသုံး ပြုသော နာမည်ကျော် ကမ်းဇော်ဆီ ထုတ်လုပ်သည့် ကမ်းဇော်တောများ ထိန်းသိမ်းခွင့်ပေးရန် ကျွန်းစုမြို့ရှိ ဒေသခံများက တောင်းဆိုလိုက်သည်။


မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ကံမော် ကျေးရွာအုပ်စုတွင်၊ သဘာဝအလျောက် ပေါက်ရောက်နေသည့် ကမ်းဇော်တော များကို ဒေသပေါင်းစုံမှ လာရောက် ခုတ်ထွင် လုပ်ကိုင်မှုကြောင့် ရေရှည် တွင် ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် ထိန်းသိမ်းခွင့်ပေးရန် ကျွန်းစုမြို့နယ် သစ်တော ဦးစီးဌာနသို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။ ကံမော်ကျေးရွာအုပ်စုတွင်သဘာဝ အလျောက်ပေါက်ရောက်နေသော ကမ်း ဇော်တော ဧက ၁၀၀၀ ခန့်ရှိပြီး ဒေသ အစု အဖွဲ့ပိုင် သစ်တောအဖြစ် ဧက ၇၀၀ ခန့် ထိန်းသိမ်းခွင့်ပေးရန် တောင်း ဆိုထားကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးရဲထွဋ်က ပြောကြားသည်။

 
ထိုကမ်းဇော်တောများကို ရာသီ အလိုက် အစေ့ကောက်သိမ်းချိန်တွင် ဒေသခံများအပြင် အခြားဒေသမှ လာ ရောက်ကောက်ယူခြင်း၊ အစေ့ကောက်ရန် အတွက် နည်းလမ်း မမှန်သည့် နည်း များဖြင့် ကောက်ယူခြင်း၊ အပင်ခုတ်လှဲ၍ ကောက်ယူခြင်း၊ အကိုင်း အခက် ချိုး။ ခုတ်၍ ကောက်ယူခြင်းနှင့် လူနေ တဲများ ထိုး၍ ကောက်ယူနေခြင်းကြောင့် ရေရှည် တွင် ကမ်းဇော်တောများ ပျက်စီးသွား မည်ကို စိုးရိမ်ကြောင်း၎င်းက ဆိုသည်။

 
ကမ်းဇော်အပင်သည် ရှားပါးသဖြင့် ထိန်းသိမ်းသွားရန် လိုအပ်ပြီး လုံးဝ ကာကွယ်သွားရမည့် အပင်ဖြစ်ကြောင်း ကျွန်းစုမြို့နယ် သစ်တောဦးစီးမှူး ဦး နိုင်လင်းထွန်းက ပြောသည်။ ” ဒေသခံပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ် ဖြစ် ခုတ်မယ်၊ လှဲမယ်ဆိုရင်တော့ သစ် တော ဥပဒေအရ အရေးယူခံရဖွယ်ရှိ ပါတယ်” ဟု ၎င်းက ဆိုသည်။ ကမ်းဇော်စေ့မှ ထုတ်ယူသော ကမ်း ဇော်ဆီ ကို တိုင်းရင်းဆေးဝါး အဖြစ် အသုံးပြုပြီး ကမ်းဇော်ဆီ အစစ် ငါးဆယ် ကျပ်သားတစ်ဘူးလျှင် ကျပ်သိန်းချီ တန်ဖိုးရှိသည်။
ကမ်းဇော်တောမှာ တနင်္သာရီတိုင်း တွင် အများဆုံး ပေါက်ရောက်သည်။