အဆောင်ကောင်း ငါးအမှုန့်ကြိတ်စက်ရုံကို ယာယီလည်ပတ်ခွင့်ပေး

0
396

မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်ရှိ အဆောင်ကောင်း ငါးအမှုန့်ကြိတ်စက်ရုံ ကိုယာယီလည်ပတ်ခွင့် ပေးထားကြောင်း တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး              ဦးဖြိုးဝင်းထွန်းထံမှ သိရသည်။အနံ့ဆိုးများထွက်ရှိနေသည့် ငါး အမှုန့်ကြိတ်စက်ရုံများအနက် အဆောင် ကောင်းနှင့် မင်းဇာနည် စက်ရုံတို့ကို ဩဂုတ်လ ၆ ရက်မှစပြီး လုပ်ငန်း ၆ လ ရပ်နားကာ အနံ့ဆိုးများ ပပျောက်အောင် ဆောင်ရွက်ခိုင်းခဲ့သည်။


ပြီးခဲ့သည့် ၃ ရက်ခန့်ကတည်းက ယာယီလည်ပတ်ခွင့်စပေးပြီး ဝန်ကြီးချုပ် လာရောက် မစစ်ဆေးခင်အချိန်ထိ ပေး ထားခြင်း ဖြစ်သည်။
” ဝန်ကြီးချုပ်လာစစ်ဆေးပြီးမှ ဆက်လက် လည်ပတ်ခွင့်ပြုမပြုဆို  တာ သိရမယ်”  ဟု စီမံ/ဘဏ္ဍာဝန်ကြီး                ဦးဖြိုးဝင်းထွန်းက ပြောသည်။

 

အဆောင်ကောင်း ငါးအမှုန့်ကြိတ် စက်ရုံမှ ပြန်လည်ပြင်ဆင်ပြီးကြောင်း အစီရင်ခံစာကို ဩဂုတ် ၁၆ ရက်က ဝန်ကြီးချုပ်ထံ ပြန်တင်ပြပေးထားပြီးဖြစ် ကာ စီမံ/ဘဏ္ဍာဝန်ကြီးမှ ဩဂုတ်လ ၂၂ ရက်တွင် စက်ရုံသို့ ဝင်ရောက်စစ်ဆေး ခဲ့သည်။
လက်ရှိတွင် အဆောင်ကောင်း၊ ထူးထူးတိုး၊ ဗဲင်(န်)တေ့(ခ်ျ) ငါးအမှုန့် ကြိတ်စက်ရုံများ လည်ပတ်မှုနေပြီး အနံ့ ဆိုးများ ရှိနေသေးကြောင်း အင်းလေး မြိုင်စက်မှုဇုန်အနီးရှိ ရပ်ကွက်နေသူများ က ပြောပြသည်။ယင်းငါးအမှုန့်ကြိတ်စက်ရုံများအနက် ထူးထူးတိုးစက်ရုံသည် ရပ်ကွက်များနှင့် အနီးစပ်ဆုံးရှိနေကြောင်း သိရသည်။” ဘယ်စက်ရုံက အနံ့ဆိုးထွက် လည်း ဆိုတာတော့ မသိဘူး၊ အနံ့က အခုထိရနေတုန်းပဲ” ဟု စက်ဝင်းရပ်ကွက် နေ အသက် ၅၀ ရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။
မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန် တွင် ထူးထူးတိုး၊ မင်းဇာနည်၊ ဗဲင်(န်)တေ့(ခ်ျ)နှင့် အဆေင်ကောင်း ငါးအမှုန့် ကြိတ်စက်ရုံ ၄ ခုနှင့် မြိတ်တဖက်ကမ်းရှိ ကျွန်းစုမြို့နယ် ပထော်ပထက်ကမ်းတွင် ငါးအမှုန့်ကြိတ်စက်ရုံ ၁ ခု၊ စုစုပေါင်း ၅ ခုရှိကြောင်း မြိတ်ခရိုင် ငါလုပ်ငန်း ဦးစီးဌာနမှ သိရသည်။