ဗိုလ်မှူးကြီးဗထူး မျက်နှာထောက်၍ တိုင်းရင်းသား အခွင့်အရေးပေးရန် တောင်းဆို

0
473

မြန်မာလွတ်လပ်ရေး ကြိုးပမ်းခဲ့ကြသည့် ဗိုလ်မှူးကြီးဗထူးနှင့် တိုက်ပွဲဝင် ထားဝယ်လူမျိုး လွတ်လပ်ရေး တပ်မတော်သားများ၏မျက်နှာကို ထောက်၍ ထားဝယ်လူမျိုးများကို တိုင်းရင်းသားအခွင့်အရေးပေးရန် ၂၁ ရာစု ပင်လုံညီလာခံ တွင် ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌက တောင်းဆိုလိုက်သည်။ညီလာခံ တက်ရောက်ခွင့်ရသည့်ထားဝယ်တိုင်းရင်းသားများ ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံနောက်ဆုံးနေ့ ဖြစ်သည့် စက်တင်ဘာလ ၃ ရက်တွင် သဘောထားအမြင် တင်ပြရာတွင်ယင်း သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
” ထားဝယ်လူမျိုး လွတ်လပ်ရေး သူရဲကောင်းကြီးဆိုလျှင် ဗိုလ်မှူးကြီး ဗထူးကို လူတိုင်း သိကြမှာ ဖြစ်ပါတယ်။သို့သော် လက်ရှိအချိန်တွင် ထားဝယ် လူမျိုးတို့မှာ မိမိတို့လူမျိုး အမည်မှန် ဖြစ်သော ထားဝယ်ကိုပင် နိုင်ငံသားစိစစ် ရေးကတ်ပြားတွင် မှတ်ပုံတင်ရန် အလွန် ပင် အခက်အခဲကြုံနေရပါတယ်” ဟု ဦးအေးမင်းက ပြောသည်။

 
အခြားတိုင်းရင်းသား မျိုးနွယ်စုများ မှာ မှတ်ပုံတင်တွင် ၎င်းတို့၏ တိုင်းရင်း သားအမည်ကို ဖော်ပြခွင့်ရသော်လည်း တနင်္သာရီတိုင်းအတွင်းရှိ တိုင်းရင်းသား များဖြစ်သည့် ထားဝယ်၊ ဘိတ်၊ မော်ကင်း စသည့် တိုင်းရင်းသားများမှာ မှတ်ပုံတင် တွင် ဗမာဟု လွဲမှားစွာဖော်ပြခံထား ရကြောင်း ညီလာခံတွင် ပြောဆိုသည်။၎င်းအပြင် ညီလာခံတွင် ငြိမ်းချမ်း ရေးမရမီ သယံဇာတ တူးဖော်ခြင်းလုပ် ငန်းများကို ထပ်မံခွင့်မပြုရန်နှင့် ခွင့်ပြု ပြီးသား လုပ်ငန်းများကိုလည်း ယာယီ ရပ်နားထားစေလိုကြောင်းပြော ဆိုခဲ့သည်။

 
ဖက်ဒရယ်မူ သတ်မှတ်ရေးကိစ္စ များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ များ၊ စီးပွားရေး စီမံကိန်းကိစ္စရပ်များ၊ ပြည်ထဲရေး အမည်မပေါက်ကျေးရွာများ ကို ပြည်ထဲရေး အမည်ပေါက်ဖြစ်အောင် လုပ်ဆောင်ပေးရန် စသဖြင့် ကိစ္စရပ်များ ကို တောင်းဆိုခဲ့သည်။
ညီလာခံတွင် ထားဝယ်တိုင်းရင်းသား များ၏ အခွင့်အရေးအပြင် နောက်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများတွင်လည်း ထားဝယ် တိုင်းရင်းသားများကို တရားဝင် ဖိတ်ကြား ရန် ၎င်းက တောင်းဆိုခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ထားဝယ်တိုင်းရင်းသား များပါတီက ပါဝင်သင့် ပါဝင်ထိုက်သူ များအစုအဖွဲ့တွင် ပါဝင်တက်ရောက် ခွင့်ရခဲ့ခြင်း ဖြစ်သည်။
ထားဝယ်အမျိုးသမီ သမဂ္ဂမှ ဒေါ်စုစုဆွေနှင့် ထားဝယ်တိုင်းရင်းသား လူငယ်သမဂ္ဂမှ ကိုမင်းလွင်ဦးတို့လည်း ညီလာခံတွင် လေ့လာသူများအနေဖြင့် တက်ရောက်လျက် ရှိသည်။