တားမြစ် ဓာတုဆေးပါဝင်သည့် အလှကုန်ပစ္စည်းများ ထားဝယ်ဈေးကွက်အတွင်း ရှိနေ

0
446

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တားမြစ် ဓာတုဆေးပါသည်ဟု ထုတ်ပြန်ထား သည့် အလှကုန် ၂၅ မျိုး ထားဝယ်ဈေး ကွက်အတွင်း ရှိနေသည်။


အဆိုပါ ဌာနမှ ဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်း ၁၉၄ မျိုးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လ တတိယ ပတ်အတွင်း နမူနာယူဓာတ်ခွဲစစ်ဆေးခဲ့ ရာ တားမြစ်ဓာတုဆေးပါဝင်သော အလှ ကုန်ပစ္စည်း ၂၅ မျိုးစစ် ဆေးတွေ့ ရှိခဲ့ကြောင်း ဩဂုတ်လ ၃၀ ရက်နေ့ထုတ် နူနလနည နေ့စဉ်သတင်းစာတွင်  ဖော်ပြ သည်။ယင်းတားမြစ် ဓာတုဆေးပါ အလ ကုန်များကို ထားဝယ်ဒေသရှိ အလှကုန် သုံးစွဲသူ ၆၀ ရာခိုင်နှုန်းခန့် သုံးစွဲနေ ကြောင်း အလှကုန် ပစ္စည်းဆိုင်များထံမှ သိရသည်။

 
” အများစုက နယ်ကတွေ၊ အသက် အရွယ်မရွေးသုံးကြတာ” ဟု ထားဝယ်မြို့ ရှိ အလှကုန်ပစ္စည်းဆိုင်မှ အရောင်း ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ယင်းတားမြစ် ဓာတုပစ္စည်းပါဝင် သော အလှကုန်သုံးစွဲသူများသည် တစ် ရက်အတွင်း မျက်နှာပျက်စီးသွား သူများ ရှိသကဲ့သို့ နှစ်လ၊ သုံးလအတွင်း ပျက်စီး သွားသူများလည်း ရှိကြောင်း၊ ယင်း အလှကုန်များ လိမ်းပြီး နောက်ပိုင်း မျက်နှာတွင် သိသိသာသာ ဖြူဖွေးလာပြီး နေပူထဲထွက်လိုက်သည်နှင့် အမည်း စက်များ ထွက်လာသောသူများလည်း ရှိကြောင်း ယင်းအလှကုန် အရောင်း ဆိုင်ပိုင်ရှင်က ပြောသည်။

 
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးရာတွင် တားမြစ် ဓာတုပစ္စည်းတွေ့ရှိခဲ့သော အလှကုန်များသာမက တချို့အလှကုန် များတွင်လည်း ဓာတုပစ္စည်းများကြောင့် မျက်နှာ ပျက်စီးသူများလည်း ရှိကြောင်း သိရသည်။
တချို့အလှကုန်ပစ္စည်းများသည် တံဆိပ်နှင့် ထုပ်ပိုးမှု ပုံစံတူသော်လည်း တန်ဖိုးချင်းကွာပြီး အတုများလည်း ထားဝယ် ဈေးကွက်အတွင်းရှိကြောင်း ထားဝယ်မြို့ရှိ အလှကုန်အရောင်းဆိုင် များထံမှ သိရသည်။
အွန်လိုင်းဈေးဝယ် ဓလေ့ အစပျိုး လာပြီးနောက် အလှကုန်ပစ္စည်များ ကိုလည်း အွန်လိုင်းမှ ရောင်းချလာပြီး  အထူးသဖြင့် အသားဖြူစေသော အလှ ကုန်များကို ရောင်းချလျက်ရှိသည်။

 
တားမြစ်ဓာတုပစ္စည်း စစ်ဆေးတွေ့ ရှိခဲ့သည် အလှကုန်ပစ္စည်းများမှာ
၁) ထိုင်းနိုင်ငံထုတ် Polla Platinum Crystal White Nourishing Face Cream ၊
၂) Polla Gold- Super White Perfects Cream ၊
၃) Polla-Anti-Melasma Cream (New Night Cream) ၊
၎) Bashi –Day Cream (Whitening Cream) ၊
၅) Bashi-Night Cream (Whitening Cream) ၊
၆) တရုတ်နိုင်ငံထုတ် Bashi Day Cream (Whitening Cream) ၊
၇) ထိုင်းနိုင်ငံထုတ်  Tree 3 Days  Brighten & Rewhiten Cream ၊
၈) ဂျပန်နိုင်ငံထုတ် PW –Banishing Cream ၊
၉) ထိုင်းနိုင်ငံထုတ် LAY NOW –Whitening Night Cream ၊
၁၀) ထိုင်းဘာသာစကားဖြင့် ဖော်ပြထားသည  Dr. JAPAN Skin Lightening Complex Nano Green Tea Active     Extra Whitening & Face Lift ၊
၁၁) ထိုင်းနိုင်ငံထုတ်  FOREVER YOUNG Phytocelltec Alp Rose Facial Cell Boosting Mask ၊
၁၂) FOREVER YOUNG White Active Radiance 3 Triple Nourishment ၊
၁၃) ထိုင်းနိုင်ငံထုတ်  Kone’ Facial Cream Whitening Cream ၊
ထိုင်းဘာသာစကားဖြင့် ဖော်ပြ ထားသည့်  Kim Whitening Pearl With Collagen Cream စသည်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။