အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံး

0
481

ကော့သောင်းမြို့နယ်၊ ဘုရင့်နောင် ရပ်ကွက်၊ ဗိုလ်ဆွတ်ပတ်လမ်းနေ အမျိုး သားတစ်ဦး ဇူလိုင်လ ၁၈ရက်က ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းမှ သိရသည်။


အသက် ၃၈ နှစ် အရွယ်ရှိ အဆိုပါ အမျိုးသားသည် အမျိုးသမီးနှင့် စကား များပြီး မိဘအိမ်ပြောင်းပြီးလာနေစဉ် ယင်းကဲ့သို့ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ် ကြောင်း အထက်ပါ ရဲစခန်းမှ သိရ သည်။ ” အဝတ်လှန်းနေတုန်း ရုတ်တရက်  မြင်လိုက်တာနဲ့ ချက်ချင်း ကြိုးဖြေပေး ဖို့ အိမ်ပေါ်ရောက်သွားပေမဲ့ အသက် မမီလိုက်တော့ဘူး” ဟု သေဆုံးသူ အမျိုးသား၏ မိခင်ဖြစ်သူက ဆိုသည်။
ယင်းသေဆုံးမူ နှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် ရဲစခန်းမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။