သူနာပြု၊ သားဖွား သင်တန်း ခေါ်

0
478

သူနာပြု၊သားဖွား ဒီပလိုမာသင် တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းအတွက် ဇူလိုင်လ ၂၂ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည် သူ့ကျန်းမာရေးဦးစီးဌာန၊ သူနာပြုဌာနမှ သိရသည်။


၂၀၁၆-၂၀၁၇ ပညာသင်နှစ် အတွက် ဝင်ခွင့် လျှောက်လွှာများကို ဇွန်လ ၁၄ ရက်မှ စတင်ရောင်းချနေပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော စာစစ်ဌာန၌ရှိသည့် တိုင်းဒေသကြီး  ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံ လျှောက်ထား ရမည်ဖြစ်ကြောင်း သူနာပြု ဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြ သည်။
“လျှောက်တဲ့သူဦးရေကို ကန့်သတ် ထားတာမျိုး မရှိပါဘူး”  ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
သို့ရာတွင် ယင်းသင်တန်းများကို တက္ကသိုလ်ဝင်တန်းအား ၂၀၁၆ ခုနှစ် မတိုင်မီက အောင်မြင်သူများကိုသာ လက်ခံမည် ဖြစ်ကြောင်း သိရသည်။
သူနာပြု၊သားဖွား ဒီပလိုမာသင် တန်းမှာ ၃ နှစ်ဖြစ်ပြီး ဘက်စုံသားဖွား ဒီပလိုမာသင်တန်းမှာ ၂ နှစ်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
သင်တန်းဝင်ခွင့်အတွက် လျှောက် ထားသူအား တက္ကသိုလ်ဝင်တန်း စာမေး ပွဲရမှတ်များမှ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ၃ ဘာသာရမှတ်ပေါင်းကို မူတည်၍ ရွေးချယ်မည်ဖြစ်ကြောင်း အထက်ပါဌာ နမှ သိရသည်။
လျှောက်ထားသူသည် အသက် ၂၅ နှစ်ထက်မကြီးသူ၊ အနည်းဆုံးအရပ် ၅ ပေရှိသူနှင့် အိမ်ထောင်မရှိသူ(အပျို/လူပျို) အစရှိသည့် အချက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း သိရသည်။ဝင်ခွင့်လျှောက်လွှာများအား တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ဝယ်ယူ လျှောက်ထားနိုင်ကြောင်း သိရသည်။