မြန်မာ့ ပညာရေး ခရီးဝေး သလား

0
584

ဇွန်လ ၁၁ ရက်မှာ တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်စာရင်းထွက်တော့ စာမေးပွဲ ကျတဲ့ကျောင်းသားတွေ များလွန်း လို့ ကျောင်းသားမိဘတချို့နဲ့ ပြည်သူတွေ အများစုဟာ စိတ်မကောင်းဖြစ်ခဲ့ကြ ရတယ်။


စာမေးပွဲအောင်တဲ့ ကျောင်းသားတွေ နဲ့ ကျောင်းသားမိဘတွေကတော့ ပျော်လို့ မဆုံးဖြစ်ကြတာပေါ့။ ဟုတ်တယ်လေ ကျွန်တော်တို့ ၁၀ တန်းအောင်တုန်းက လည်း ကိုယ်တိုင်ပျော်သလို မိဘတွေ လည်း ပျော်ကြတာပါပဲ။ ၂၀၁၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနိုင်ငံ လုံးဖြေဆိုသူဦးရေ ၆ သိန်းကျော် (၆၃၆၂၃၇ ဦး)မှာ ၂ သိန်းနီးပါး (၁၉၀၃၈၈ ဦး)သာ အောင်မြင်ခဲ့တယ်ဆိုတော့ မြန်မာ့ပညာရေးဟာ စဉ်းစားစရာတစ်ခုလို့ ယူဆကြတာပေါ့။

myanma_edu
ကျွန်တော့် အမြင်ရဆိုရင် ကျောင်းသား    ကျောင်းသူတွေ စာမေးပွဲကျတာဟာ  မြန်မာပြည်ကြီး စာမေးပွဲကျတာနဲ့ တူ တယ်။ သို့ပေမဲ့ ကျောင်းသားတွေ စာမေးပွဲ အောင်ကြပြီး မြန်မာပြည်ကြီးက ပညာရေး အဆင့်မမီလို့ အာရှနိုင်ငံတွေရဲ့ အလယ်မှာ တောင်အောက်ကျ    နောက်ကျ ဖြစ်နေတာ မျိုးက မြန်မာ့ပညာရေးအတွက် ပိုပြီး စိတ် ပျက်ဖို့ ကောင်းပါတယ်။
ပညာရေးနိမ့်ကျလွန်းလို့ တိုင်းပြည် ဆင်းရဲတွင်းနက်နေတယ်ဆိုတာကို ပြည် သူတွေ အများစုနဲ့ အစိုးရက ကောင်း ကောင်း သဘောပေါက် ကြပါတယ်။ သို့သော် အစိုးရ၊ မိဘ၊ ကျောင်းသား၊ ပြည်သူလူထုတွေက ဒီပြဿနာကို ဘယ်ကနေ စပြီး ဖြေရှင်းကြမလဲဆို တာကိုကြတော့ ကောင်းကောင်း သဘော မပေါက်ကြသလိုပါပဲ။
တကယ်တော့ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ပြုပြင်ပြောင်းလဲမှု တစ်ခုကို အကောင်အထည်ဖော်နိုင်ဖို့ ဆိုတာ အစိုးရက အခရာ ကျပါတယ်။ အဲသလိုပဲ အစိုးရက နည်းမှန်လမ်းမှန်နဲ့ ပြောင်းလဲမှု တစ်ခုလုပ်တိုင်း လိုက်ပါ ပြောင်း လဲနိုင်ဖို့ရင် ကျောင်းသား  မိဘတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ အားလုံးဟာ ပညာရေးရဲ့ သဘောသဘာဝတွေကို နားလည်နေဖို့ လိုအပ်ပါတယ်။
အဲဒါမှလည်း ဟန်ချက်ညီညီနဲ့ လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မှာပါ။ အခုဖြစ်နေတဲ့ ပုံစံက အစိုးရလုပ်သူဟာ လည်း ဘယ်အရာကို စပြီး ပြောင်းလဲနေ မှန်း မသိ၊ တချို့ကျောင်းသားနဲ့ မိဘတွေ ကလည်း အတန်းထဲမှာ အဆင့်ကောင်း ကောင်းရဖို့နဲ့ တစ်နှစ်တစ်တန်း အောင်ဖို့ ကိုပဲ ဦးတည်နေကြရတယ်။ အဲဒီလိုဆို တော့ ကျူရှင်သင်တဲ့ ဆရာဆရာမတွေ ကလည်း ဝင်ငွေ ကောင်းဖို့ အပြိုင်အဆိုင် ကျူရှင်ခေါ်ကြတယ်။ တချို့ အတန်းပိုင် ဆရာမတွေဆိုရင် တော်တော်ဆိုးကြတယ်၊ သူ့ကျူရှင်မှာ ကျူရှင်မတက်တဲ့ ကျောင်း သားတွေကိုဆိုရင် ကောင်းကောင်းမွန်မွန် တောင် မဆက်ဆံချင်ဘူးလို့ ဆိုတယ်။ အားလုံးကိုတော့ မဆိုလိုပါဘူး။

 

တချို့ ဆရာဆရာမတွေတော့ဖြင့် နာသုံးနာ အပြည့်ရှိကြမှာပေါ့။ ဒီနှစ် အခြေခံကျောင်းတွေ ပြန်မ ဖွင့်ခင် အခြေခံကျောင်းများက ဆရာ ဆရာမတွေကို ဆရာဖြစ်သင်တန်းတွေ သင်ကြား နည်းစနစ်တွေနဲ့ ပတ်သက်ပြီး သင်တန်းပေးတာ တွေ့ရတယ်။ ခက်တာ က အစိုးရလုပ်သူတွေဟာ ပြောင်းလဲမှု တစ်ခုကို အကောင်အထည်ဖော်ဖို့ နည်း မှန် လမ်းမှန် မရှိသေးဘူးဆိုတာပါပဲ။
ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်က လောင်းလုံးမြို့နယ်ထဲမှာရှိတဲ့ ရွာတစ်ရွာ ကို ရောက်သွားတယ်။ အဲဒီကျောင်းမှာရှိတဲ့ ဆရာမတွေဟာ ကျွန်တော်တို့ ထားဝယ် ခရိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ဦးဆောင်ပြုလုပ်တဲ့ Reading & Writing for Critical Thinking (RWCT)   သင်တန်းလာတက် ထားတဲ့ ဆရာမတွေဆိုတော့ သူတို့က ရင်ဖွင့် တယ်။
” ဒီလို စာသင်ခန်းတွေထဲမှာ ဘယ်လို ကောင်းမွန်တဲ့ သင်ကြား နည်းစနစ်မျိုးနဲ့မှ စာသင်ဖို့ မဖြစ်နိုင်ဘူး”တဲ့။
ဟုတ်တယ် ကျွန်တော် စာသင်ခန်း ထဲဝင်လေ့လာ ကြည့်တော့ အခန်း ကျဉ်း ကျဉ်း လေးထဲမှာ အတန်း ၅ ခုလောက်ကို အပြိုင်သင်နေရတဲ့ အနေအထား ဖြစ်နေ တာ တွေ့ရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ အခြေခံပညာကျောင်း အမြောက် အမြားဟာ အဲဒီလို စာသင်ခန်းမျိုး တွေချည်းပါပဲ။ ဆိုတော့ ဆရာဆရာ မတွေရဲ့ စွမ်းရည်တွေကို မြှင့်တင်နေရုံနဲ့ လည်း မလုံလောက်ဘူး။ အခြေခံပညာ အဆင့်ကို အရင်ပြုပြင်ပြောင်း လဲမယ် ဆိုရင် အခြေခံပညာကျောင်းတွေကို ကျောင်းအင်္ဂါရပ်နဲ့ လျော်ညီအောင် မဖြစ် မနေ ပြောင်းလဲပေးရမှာပဲ။ စာကြည့်တိုက် ဆိုတာလည်း မရှိ၊ စာဖတ်ခန်းဆိုတာလည်း မရှိ ကျောင်းသားတွေ ကိုယ်ကာယ ဖွံ့ဖြိုး မှု အတွက် အားကစားကွင်းဆိုတာလည်း မရှိတဲ့အပြင် စာသင်ခန်းတွေတောင် ဗရုတ်သုတ်ခ ဖြစ်နေမှတော့ ဘယ်လို လုပ်ပြီး ပညာတတ်အောင် သင်ကြားသင် ယူနိုင်ကြမလဲ။
တလောကလည်း ထားဝယ်နည်း ပညာတက္ကသိုလ်က ဆရာမတစ်ယောက် ဖုန်းဆက်လာတယ်။
“ကျောင်းသားတွေက ရှေ့မှာ စာသင်နေရင် နောက်မှာ လုပ်ချင်တာ လုပ်နေကြတယ်၊ ပြောလို့ဆိုလို့လည်း မရဘူး၊ ဆရာမလုပ်ရတာတောင် စိတ်ကုန်နေပြီ”  တဲ့။ ကျွန်တော် ကိုယ် တိုင်လည်း နည်းပညာတက္ကသိုလ် ကျောင်းသားဖြစ်စဉ်ခါက အဲလိုပုံစံမျိုး နေလာတယ်ဆိုတော့ ဘယ်လိုပြောလို့ပြောရ မှန်းတောင် မသိဖြစ်တာ ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်မှာ ရှိတဲ့အကြောင်းပြချက်တွေ ကိုတော့ ပြောပြလိုက်ပါတယ်။ ဘာကြောင့် အဲဒီလိုတွေ ဖြစ်နေရလည်းဆိုတော့ စာသင်ကြားမှု စနစ်ကိုက မှားယွင်းနေလို့ ပါပဲ။
တက္ကသိုလ်တစ်ခုဖြစ်ပြီး မနက် ကတည်းက ညနေထိ စာချည်းပဲ အလွတ် ကျက် အလွတ်မှတ်နေ ရတယ်ဆိုတာ ဖြစ်ကို မဖြစ်သင့်တာလေ။ ပြီးတော့ သင်နေရတဲ့ စာတွေက စာမေးပွဲနီးလာရင် အဖြေစာအုပ်တွေကို မိတ္တူဆွဲပြီး အလွတ် ကျက် အလွတ်မှတ်လို့ ရတယ်။ ကျူရှင် တက်တဲ့ ကျောင်းသားတွေဆိုလည်း ကျူရှင်မှာ သင်ထားပြီးပြီ၊ ကျူရှင်မှာသင် လို့ရတယ် ဆိုပြီး ကျောင်းစာသင်ခန်းကို အာရုံမစိုက်ကြဘူး။ နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ် တွေရဲ့ သင်ကြားသင်ယူမှုစနစ် ဆိုရင် ဆရာ ဆရာမတွေက ဘာသာ ရပ်တွေနဲ့ ပတ်သက်ပြီး ကျောင်းသား တွေကို လမ်းညွှန်ပေးရုံပါပဲ။ ကျောင်းသား လုပ်သူတွေက စာကြည့်တိုက်တွေကို အားကိုးရတယ်။ ကျောင်းစာကြည့် တိုက်ဟာလည်း ဘာသာရပ်တွေနဲ့သက် ဆိုင်တဲ့ စာအုပ်စာပေတွေကို အပြည့်ဖြည့် ပေးထားကြတယ်။

တက်မြောက်မှုကို စစ်ဆေးတဲ့ နေရာမှာ လည်း ကျွန်တော်တို့ မြန်မာနိုင်ငံတွေမှာလို အလွတ်ကျက် အလွတ်မှတ်ထားတာတွေကို စစ်ဆေး တာမျိုး မဟုတ်တော့ စာကြည့်တိုက်တွေ ကိုသွားပြီး စာမဖတ်ရင် စာမေးပွဲ မဖြေနိုင်တာမျိုး ဖြစ်အောင်လုပ်ထား တယ်လို့သိရတယ်။ အဓိက ကတော့ ကျောင်းသားတွေကို ငယ်ငယ်လေးက တည်းက သူ့အလိုလို စာဖတ်ချင်စိတ် စူးစမ်းလေ့လာချင်စိတ်တွေ စဉ်းစားတွေး ခေါ်နိုင်စွမ်းတွေရှိလာအောင် ပညာရေး စနစ်က မွေးမြူပေးခဲ့တာပဲ ဖြစ်တယ်။
ခေတ်သစ်ပညာရေးအမြင်နဲ့ ကြည့် မယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ကျွန်ပညာရေးစနစ် သာ ဖြစ်တယ်။

 

ကျွန်တော်ပြောတဲ့ ကျွန်ပညာရေးဆိုတာက လွယ်လွယ်ပြော ရရင် လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင် စွမ်းနဲ့ လွတ်လပ် စွာ ပညာသင်ကြားခွင့်ကို ပိတ်ပင်တားဆီးပြီး အစိုးရ အုပ်ချုပ်မှု ယန္တရားလည်ပတ်ဖို့ ကျွမ်းကျင်တဲ့ အလုပ်သမားတွေ ဖြစ် အောင် ပညာ သင် ကြားပေးခြင်းမျိုးပဲ ဖြစ်တယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံရဲ့ ကျောင်းသား ကျောင်း သူတွေဟာ မူလတန်းအကြို ကျောင်းသား ဘ၀ကနေ အဆင့်မြင့်ပညာ ပြီးဆုံးချိန် အထိ လွတ်လပ်စွာ စဉ်းစား တွေးခေါ် နိုင်စွမ်း လွတ်လပ်စွာ ခွဲခြမ်း စိတ်ဖြာနိုင် စွမ်းလွတ်လပ်စွာ ပညာသင်ယူနိုင်ခွင့် တွေကို ဆုံးရှုံးနေရဆဲပဲ ဖြစ်တယ်။

 
ကမ္ဘာပေါ်မှာ ကြီးပွားတိုးတက်နေ တယ်ဆိုတဲ့ နိုင်ငံတော်တော်များများဟာ ၁၉၄၅ ဒုတိယကမ္ဘာစစ်ပြီး ကာလမှ ခေတ် သစ် ပညာရေးစနစ်ကို အသုံးပြုနေခဲ့ကြ တယ်။ ထိုခေတ်သစ်ပညာရေးစနစ်နဲ့ ထိတွေ့ကြီး ပြင်းလာသူတွေဟာ အမြင် ကျယ်ပြီး တီထွင်ဆန်းသစ် စဉ်းစား တွေးခေါ်တတ်ကြတယ်။ တတ်သိ လေ့လာ စူးစမ်းလို စိတ်နှင့် အဖွဲ့လိုက် အသင်းလိုက် ဆောင်ရွက်တတ်လာကြ တယ်။ အများကျိုး ဆောင်ရွက်လိုစိတ်ရှိဖို့၊ ရှေ့အနာဂတ် အတွက် ကြိုတင်တွေးဆ တတ်ဖို့နှင့် ခေါင်းဆောင်မှု စိတ်ဓာတ်ရှိ လာကြတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယ အထူးရှိဖို့ နဲ့ ကိုယ်တိုင် လေ့လာလိုစိတ်ရှိကြတယ်။ လူတို့ရဲ့ ခံစားမှုကို ထည့်သွင်း စဉ်းစား တတ်ကြတယ်။ အဲဒါကြောင့်လည်း ဥရောပ၊ အင်္ဂလန်၊ ဂျပန်၊ တရုတ် အစ ရှိတဲ့နိုင်ငံတွေဟာ စီးပွားရေး တောင့် တင်းစေခဲ့တယ်လို့ ပညာရှင်တွေက လေ့လာ သုံးသပ်ခဲ့ကြ တယ်။
ခေတ်သစ်ပညာရေးဆိုတာကတော့ Multi Media Room များရှိရုံမဟုတ်၊ Language Lab   များရှိရုံမဟုတ်၊ E-Learning Centre   များရှိရုံ မဟုတ်ဘဲ ကလေးငယ်ဘ၀ကစပြီး တွေးခေါ်ယူဆ ပုံများ၊ အနာဂတ်အတွက် ကြိုတင်တွေးဆ ပုံစံပြုယူခြင်းများပင် ဖြစ်တယ်။ အဲဒီလို စနစ်ကို မရောက်မချင်း စေတနာရှိသည့် အတွက် ငွေသန်းပေါင်းများစွာ အကုန် အကျခံပြီး သင်ကြားထောက်ကူ ပစ္စည်း များ ပံ့ပိုးဆောင်ရွက်မယ်ဆိုလည်း အဲဒီ သင်ထောက်ကူပစ္စည်းတွေဟာ အသုံး မဝင်တဲ့ အသုံးမဲ့ပစ္စည်းတွေသာ ဖြစ်နေမှာ ပါပဲ။