နိုင်ငံရေး သိပ္ပံဆိုတာ

0
867

နိုင်ငံရေး သိပ္ပံဆိုတာ “နိုင်ငံတော် အကြောင်း သိပ္ပံနည်းကျ လေ့လာမှု” လို့ အဓိပ္ပာယ်ရပါတယ်။
လူသားတွေ ဖွဲ့ စည်းထူထောင်တဲ့ အသင်းအပင်းတွေအကြောင်း၊ အစိုးရ တွေ ဖွဲ့စည်းမှု အကြောင်း၊ အစိုးရတွေရဲ့ လုပ်ငန်းတာဝန်တွေ အကြောင်း၊ ဥပဒေ ပြုရေးနဲ့ ဥပဒေ သက်ဝင်ရေး လုပ်ဆောင် မှုအကြောင်း၊ နိုင်ငံတစ်ခုနဲ့တစ်ခု ဆက်ဆံရေး အကြောင်းတွေကို လေ့လာ ပါတယ်။


ဒါ့ အပြင် နိုင်ငံတော် ဥပဒေတွေအရ လူ အချင်းချင်းကြား ဆက်ဆံရေး၊ လူတစ်ဦးချင်း သို့မဟုတ် လူတစ်စု တစ်ဖွဲ့နဲ့ အစိုးရကြား ဆက်ဆံရေး၊ နိုင်ငံတော် အာဏာနဲ့ တစ်ဦးချင်း လွတ် လပ်ခွင့်အကြား ချိန်ညှိ ရေးလို ပြဿနာ တွေကိုလည်း လေ့လာပါတယ်။

သိပ္ပံဘာသာ ဟုတ်ရဲ့လား
နိုင်ငံရေး သိပ္ပံဘာသာရပ်ဟာ တကယ်ကော သိပ္ပံဘာသာ ဟုတ်ရဲ့ လားဆိုတာ မေးခွန်းထုတ်စရာ ရှိပါ တယ်။ နိုင်ငံရေး သိပ္ပံ ဘာသာရပ်ကို သိပ္ပံစာရင်း သွင်းထားပေမယ့် သဘာဝ သိပ္ပံဘာသာရပ်တွေ ဖြစ်တဲ့ နက္ခတ္တဗေဒ၊ ဓာတုဗေဒ၊ သတ္တဗေဒနဲ့ ရုက္ခဗေဒလိုမျိုး သိပ္ပံဘာသာရပ်တွေနဲ့ မတူပါဘူး။ သဘာဝ သိပ္ပံ ဘာသာရပ်တွေမှာ ဓာတ်ခွဲ ခန်းတွေ၊ စမ်းသပ်မှုတွေကတဆင့် ” တိကျမှန်ကန် မှု” ကို သက်သေပြလို့ ရပါတယ်။ နိုင်ငံရေး သိပ္ပံဘာသာရပ်ကတော့ အဲသလို တိတိ ကျကျ၊ ယတိပြတ်အဖြေမျိုး မပေးနိုင်ပါ ဘူး။ ဒီ့အတွက် သိပ္ပံဘာသာရပ် မဟုတ် ဘူးလို့ ဆိုချင်လဲ ဆိုနိုင်ပါတယ်။ ဒါပေမယ့် “သိပ္ပံ” ဆိုတာကို ဘာသာရပ်တစ်ခုနဲ့ ပတ်သက်လို့ “စနစ်တကျ” စူးစမ်းလေ့ လာမှု၊ ခွဲခြမ်းစိတ်ဖြာ အမျိုးအစား ခွဲခြား မှုက တစ်ဆင့်ရရှိလာတဲ့ အသိပညာရပ် လို့ အဓိပ္ပာယ် ဖွင့်ရင်တော့ နိုင်ငံရေး  သိပ္ပံဘာသာရပ်ကို သိပ္ပံဘာသာရပ်အဖြစ် သတ်မှတ်နိုင်ပါတယ်။ စနစ်တကျ လေ့လာမှုတွေကတဆင့် ယေဘုယျ ဥပဒေ သတွေ ထုတ်ယူနိုင်ပါတယ်။ ဒီဥပဒေသ တွေကိုပဲ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်း ရာမှာ လက်တွေ့သုံးနိုင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးသိပ္ပံဟာ သိပ္ပံဘာသာရပ် စာရင်းဝင်ပါတယ်။

လူမှုသိပ္ပံနဲ့ ဆက်နွယ်မှု
political_scienceလူဟာ ပေါင်းသင်း ဆက်ဆံတတ် တဲ့ သတ္တဝါ ဖြစ်တယ်။ လူသားရဲ့ လူမှု လုပ်ငန်းဆောင်တာ အားလုံးကို အပိုင်း လိုက် ခွဲလေ့လာတာလဲ ရှိတယ်။ တစ်စု တပေါင်းတည်း လေ့လာတာလဲ ရှိပါ တယ်။ လူမှု သိပ္ပံဘာသာရပ်ကတော့ လူမှုဘ၀နဲ့ သက်ဆိုင်သမျှ အချက် အလက်၊ ဥပဒေသအားလုံးကို တစ်စု တစ်စည်းတည်း လေ့လာတဲ့ ဘာသာရပ် ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးကို လေ့ လာတဲ့အခါမှာလဲ ကုန်သွယ်မှု ဆက်ဆံ ရေး၊ ဘာသာရေးဆိုင်ရာ ဆက်နွှယ်မှု ကနေ မိသားစုတစ်စုအတွင်း ဆက်ဆံရေး အထိ လေ့လာတာမျိုးပါ။

 

နိုင်ငံရေး သိပ္ပံကတော့ လူမှုဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုသာဖြစ်တဲ့ လူသားရဲ့ နိုင်ငံရေး ဘ၀ကိုပဲ အထူးပြု ဇောင်းပေးလေ့လာတဲ့ သိပ္ပံဘာသာရပ် ဖြစ်ပါတယ်။ ဘာသာရပ် နှစ်ခုကြားမှာ အပြန်အလှန်အကျိုးပြု တာမျိုး ရှိပါတယ်။ နိုင်ငံရေး သိပ္ပံ ဘာသာရပ်ကြောင့် နိုင်ငံတော်တွေ ဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ငန်းဆောင် ရွက်ပုံတွေလိုမျိုး အချက်အလက်တွေ သိရှိလာသလို လူမှုသိပ္ပံ ဘာသာရပ် ကြောင့် လူဟာ နိုင်ငံရေးသတ္တဝါ ဘယ် လို ဖြစ်လာရတာလဲ၊ နိုင်ငံရေးဆိုင်ရာ အဆောက်အအုံတွေရဲ့ မူလဇာစ်မြစ်က ဘာတွေလဲဆိုတာကို သိရှိလာရပါ တယ်။

မနုဿဗေဒနဲ့ ဆက်နွယ်မှု
မနုဿဗေဒ ဘာသာရပ်က လူသား တွေရဲ့ ရုပ်သွင်လက္ခဏာ၊ သမိုင်း ဆိုင်ရာနဲ့ ပထဝီအရ  ဖြန့်ကျက်တည်ရှိမှု၊ လူမျိုးရေးအရ ကွဲပြားခြားနားမှုနဲ့ ယဉ် ကျေးမှုဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှု လိုမျိုးတွေကို လေ့လာပါတယ်။ သမိုင်း ခေတ်ဦး လူသားတွေရဲ့ အတွေးအခေါ်၊ ဓလေ့ထုံးတမ်းနဲ့ အဖွဲ့အစည်းပုံစံတွေကို မနုဿဗေဒ ပညာရပ်အရ လေ့လာခြင်း အားဖြင့် နိုင်ငံတော်တွေ ပေါ်ထွန်းလာပုံ ဇာစ်မြစ်နဲ့ နိုင်ငံရေးဆိုင်ရာ အတွေး အခေါ်တွေ၊ နိုင်ငံရေးဆိုင်ရာ အဆောက် အအုံတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာပုံကို သိရှိလာပါတယ်။
သမိုင်းနဲ့ ဆက်နွယ်မှု
သမိုင်းဆိုတာ အတိတ်ကာလ တုန်းက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေ၊ အကြောင်းတရားတွေ၊ နှီနွှယ်ဆက်စပ်မှု တွေကို မှတ်တမ်းတင် ထားတာပါ။ နိုင်ငံရေး သိပ္ပံပညာရှင်တွေက သမိုင်း ကို နိုင်ငံရေး သိပ္ပံဘာသာရပ် လေ့ လာရေးမှာ အသုံးချစရာ ကုန်ကြမ်းအဖြစ် မြင်တတ်ကြပါတယ်။ သမိုင်း ပညာရှင် တွေ ကျပြန်တော့ နိုင်ငံရေး သိပ္ပံဆိုတာ သမိုင်း ဘာသာရပ်က ဆင်းသက်လာရ တာလို့ မြင်တတ်ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်ခုလုံးက အပြန်အလှန် အကျိုးပြု နေကြပါတယ်။ နိုင်ငံရေး ဆိုင် ရာ အဆောက်အအုံတွေ ဘယ်လိုမျိုး ဖြစ်ထွန်းတိုး တက်လာရ သလဲ ဆိုတာ မျိုးကို သမိုင်းနောက်ခံထား လေ့လာမှပဲ သဘောပေါက်နိုင်ပါတယ်။ သမိုင်း အချက်အလက်တွေကို ရွေးထုတ်ပြီး ရှေ့နောက်ညီညွတ်အောင် ပေါင်းစပ် ပေးခြင်းအားဖြင့် နိုင်ငံရေး သိပ္ပံဘာသာ ရပ်ရဲ့ ဥပဒေသတွေ၊ နိယာမ အကြောင်း တရားတွေကို ဖော်ထုတ်နိုင်ပါတယ်။
ဒါကြောင့်ပဲ ပါမောက္ခတစ်ယောက် ပြောတာက နိုင်ငံရေး သိပ္ပံဆိုတာ သမိုင်း ရဲ့ အသီးအပွင့်ပဲ။ သမိုင်းဆိုတာ နိုင်ငံ ရေး သိပ္ပံရဲ့ရေသောက်မြစ်ပဲ။

ဘောဂဗေဒနဲ့ ဆက်နွယ်မှု
နိုင်ငံရေး ဘောဂဗေဒ ဘာသာရပ်က နိုင်ငံတစ်နိုင်ငံကို ချမ်းသာကြွယ်ဝအောင်၊ အင်အားတောင့်တင်း လာအောင်၊ အခွန် ငွေရအောင် ဘယ်လို နည်းလမ်းတွေ ကျင့်သုံးသင့်သလဲ ဆိုတာကို လေ့လာ ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တရား ဥပဒေ တွေဆိုရင် ပစ္စည်းဥစ္စာပိုင်ခွင့်၊ စာချုပ် စာတမ်းနဲ့ ကော်ပိုရိတ်လိုမျိုး ပြဿနာ ရပ်တွေကို ဖြေရှင်းပေးရသလို နိုင်ငံတ ကာ ဆက်ဆံရေးမှာဆိုရင် ကုန်သွယ် ရေးနဲ့ ဘဏ္ဍာရေးဟာ အရေးကြီးပါတယ်။

အခွန်ကောက်ခံမှု၊ ငွေကြေးနဲ့ အစိုးရ စက်ရုံလိုမျိုး လေ့လာတာဟာ နိုင်ငံရေး ဘောဂဗေဒနဲ့ရော နိုင်ငံရေးသိပ္ပံနဲ့ပါ စပ်ဆိုင်တဲ့ နယ်ပယ်တွေ ဖြစ်ပါတယ်။ ဘောဂဗေဒ ဘာသာရပ်ကတော့ ဒါဟာ ဓနဥစ္စာနဲ့ ပတ်သက်လို့ လူတွေရဲ့ ပြုမှု ဆောင်ရွက်ပုံတွေထဲကမှ အစိတ် အပိုင်း တစ်ခုအဖြစ် သဘောထားပါတယ်။ နိုင်ငံရေး သိပ္ပံဘာသာရပ်ကတော့ ဒါကို အစိုးရ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင် တာတစ်ခုလို့ သဘောထားပါတယ်။

စိတ်ပညာနဲ့ ဆက်နွယ်မှု
ခေတ်သစ် နိုင်ငံရေးသိပ္ပံ စာရေး ဆရာတွေဟာ နိုင်ငံရေးဆိုင်ရာ ဖြစ်ရပ် တွေကို စိတ်ပညာဆိုင်ရာ ဥပဒေသတွေ သုံးပြီးတော့ ရှင်းပြတာမျိုး လုပ်လာ ပါတယ်။ နိုင်ငံတော်တွေ ဒီမိုကရက်တစ် ဆန်လာတာနဲ့အမျှ ပြည်သူလူထုရဲ့ အမြင်ဟာ နိုင်ငံတော်အပေါ် လွှမ်းမိုး လာပါတယ်။ ဝါဒဖြန့်ချိရေး နည်းမျိုး စုံနဲ့ ပြည်သူလူ ထုအမြင်ကို လွှမ်းမိုးပုံ ဖော်ဖို့ ကြိုးစားတာမျိုးတွေဟာ လေ့လာ စရာ ဖြစ်လာပါတယ်။
အထက်က ဆက်နွယ်မှုတွေဟာ ဥပမာအချို့ပဲ ဖြစ်ပါတယ်။ တခြားသော ကိုယ်ကျင့်တရား ပညာလိုမျိုး တခြား သော ဘာသာရပ်တွေနဲ့ ဆက်နွယ်မှု တွေလဲ အများကြီး ကျန်ပါသေးတယ်။
ဒါဟာ နိုင်ငံရေးသိပ္ပံ မိတ်ဆက်ပါ။