လေကြောင်းလိုင်းများ အပြိုင် ဈေးလျှော့

0
458

မိုးရာသီတွင် တနင်္သာရီခရီးစဉ်ကို ပြေးဆွဲသည့် လေကြောင်းလိုင်းများ အပြိုင်အဆိုင် ဈေးလျှော့ရောင်းလာ ကြောင်း လေယာဉ်လက်မှတ် အရောင်း ဌာနများထံမှ သိရသည်။


air_line
မြိတ်ခရီးစဉ်မှအပ ရန်ကုန်-ထားဝယ်-ကော့သောင်းခရီးစဉ်များအား ဇွန်လ ၁၂ ရက်မှ စတင်၍ လက်မှတ် တစ်စောင်လျှင် ကျပ်တစ်သောင်း လျှော့ ရောင်းလျက်ရှိကြောင်း ထားဝယ် မြို့ အခြေစိုက် Sun Far လေယာဉ် လက်မှတ် အရောင်းဌာနထံမှ သိရ သည်။

” မိုးရာသီဆိုတော့ ခရီးသည်နည်း လို့ ဈေးလျှော့ရောင်းတာပါ။ နှစ်တိုင်း ဒီလိုပါပဲ”ဟု အဆိုပါလက်မှတ် အရောင်းဌာနမှ အရောင်းဝန်ထမ်းက ပြောသည်။
အဲကမ္ဘောဇလေကြောင်းလိုင်းမှ ထားဝယ်-ကော့သောင်းနှင့် ထားဝယ်-ရန်ကုန်ခရီးစဉ်ကို ယခင်က ကျပ် ၆၃၀၀၀ မှ ကျပ် ၄၃၀၀၀ အထိ လျှော့ချခဲ့ပြီး ထားဝယ်-မြိတ် ခရီးစဉ် မှာ ပုံမှန်ဈေးနှုန်း ကျပ် ၄၃၀၀၀ အတိုင်းပင် ဖြစ်ကြောင်း သိရသည်။

မန်းရတနာပုံ၊ မြန်မာ့လေကြောင်း နှင့် ဗစနထ လေကြောင်းလိုင်းများမှာ ယခင်ဈေးထက် တစ်သောင်းဝန်းကျင် လျှော့၍ရောင်းချလျက်ရှိသည်။